The 40 Year Old Virgin (2005)

MM Sub
အသက် ၄၀ လူတွေမေးတယ် ဘယ်တော့များမှ စားရမှာလဲ” ဆိုတာကြားဖူးကြတယ်ဟုတ်။ အဲဒီလို ရုပ်ရှင်မျိုးပါပဲ ဒီကားလဲ။ ဒါပေမယ့် ဒီကားမှာ သဘောကျစရာလေးတွေပါနေပြန်ပါတယ်။ ကြိုတော့ ပြောထားပါရစေ။ ဒီကားက 18+ ပါ။ ဒါမယ့် အရမ်းရိုင်းတဲ့အခန်းတွေမပါပါဘူး။ အကုန်လုံးလဲ American Pie တို့ဘာတို့ ကြည့်ကြတာပဲမဟုတ်လား။ ဒီလိုပါပဲ။သူက အသက် ၄၀ သာပြည့်သွားတယ်။ အဲဒီအချိန်အထိ လိင်မဆက်ဆံဖူးဘူး။ ပြောရရင် လူပျိုကြီးပေ့ါ။ အိမ်မှာပဲ တစ်ယောက်တည်းနေတယ်။ ရည်းစားလည်းမရှိ၊ အပေါင်းအသင်းလည်းမရှိ။ အိမ်မှာ တီဗီရှိုးတွေကြည့်လိုက်၊ အားကစားလုပ်လိုက်၊ အရုပ်တွေဝယ်စုလိုက်နဲ့ ဘဝကိုလွတ်လွတ်လပ်လပ်နေနေခဲ့တယ်။ ဒါပေမယ့် တစ်ရက်သား အလုပ်ထဲမှာ ဝိုင်းဖွဲ့စားသောက်ရင်း ရည်းစားနဲ့ကြုံဖူးခဲ့တဲ့ အမှတ်တရတွေပြောကြတဲ့အခါမှာတော့ သူ့အကြောင်းကို တစ်ခြားသူတွေသိသွားရော။အဲဒီအချိန်မှာပဲသူ့ကို တွေ့သမျှကောင်မလေးနဲ့ ချိတ်ပေးတော့တယ်။ 


ရည်းစားစကားဘယ်လိုပြောရလဲ။ intro ဘယ်လို ဝင်ရတယ်ဘာညာ။ သူကလည်း လူအေးအေးကြီး။ စကားကိုလည်း ခပ်ပြတ်ပြတ်ပဲပြောတယ်။ ပြီးတော့ sex ကိစ္စကိုလည်း အသည်းအသန်မဟုတ်တော့ သူ့ကိုတွန်းရတာ အတော်လေးကိုလက်ပေါက်ကပ်တယ်။ ကြားထဲ ပြဿနာတွေဖြစ်၊ ဟာသတွေဖြစ်နဲ့ နောက်ဆုံးမှာတော့ သူလည်းသူချစ်တဲ့သူနဲ့တွေ့သွားပါတယ်။ဒီကားမှာဆိုရင် sex ဆိုတာထက် ချစ်ခြင်းမေတ္တာကပိုအရေးကြီးတယ်ဆိုတာ ဟာသနှောပြီးပြသွားတယ်။ ပြီးတော့ အချစ်အတွက် စွန့်လွှတ်ရမှာတွေရှိတယ်။ လူဆိုတာ အများနဲ့ယှဉ်လာရင် ကိုယ့်ဘို့ပဲကိုယ်ကြည့်တယ်ဆိုတာတွေ ပါးပါးလေးနဲ့ပုတ်သွားတာအများကြီးပါ။
Steve Carell တို့ Seth Rogen တို့ရဲ့ သရုပ်ဆောင်ပုံတွေက အခုခေတ်မှာပြန်ကြည့်ရင် တစ်မျိုးကြီးဖြစ်နိုင်ပေမယ့် ကြည့်နေရင်းကို အဲဒါတွေသတိထားမိတော့မှာမဟုတ်ပါဘူး။ သာမန်ဟာသကားတွေ၊ အချစ်အကြောင်းတွေကြည့်ရတာ ပျင်းလာပြီ၊ လေးတယ်လို့ထင်နေရင်တော့ ဒီကားသာကြည့်ပါ။ ပထမဆုံးအပိုဒ်မှာ သတိပေးခဲ့တာလည်း မမေ့ကြနဲ့ဦးနော်…


Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com