Spy Game (2001)

MM Sub

IMDb – 7.1Spy Gameဟာ စပိုင်ရုပ်ရှင်ပေမဲ့ မြင်နေကျ စပိုင်ကားတွေလို စပိုင်က ကြမ်းထော် ဂေါ်ထွက်နေတဲ့စပိုင်တွေအကြောင်း မဟုတ်ဘူး။လက်တွေ့ကျကျ စပိုင်လောကကို ချည်းကပ်ပြသွားတဲ့ ကားပါပဲ။ စပိုင်လောကကို ရှင်းပြ SPYဖြစ်အောင်ဘာတွေလုပ်ရလဲရောပြသွားပြီး
ဝါရင့်စပိုင်ကြီးရဒ်ဖို့က စပိုင်ပေါက်စ ဘရက်ပစ်ကို စပိုင်ပညာတွေသင်ပေးတာကို သေချာနီးပါး ပြသွားတယ်။



ရဒ်ဖို့ရဲ့ကာရိုက်တာနဲ့ စီအိုင်အေဌာနချုပ်ကြားညဏ်ကစားတွေအခန်းတွေဆို တော်တော်လေး သဘောကျစရာပါပဲ။
ဒါရိုက်တာတိုနီစကော့ ကလည်း စပိုင်ကားတွေချည်းရိုက်ခဲ့တဲ့ ဒါရိုက်တာပါပဲ။
အရှေ့အလယ်ပိုင်း ပြဿနာတွေရော၊ တရုတ်ပြဿနာတွေရော စုံနေအောင်ကိုသုံးပြီး ရှေ့ဆက်ဘာဖြစ်မလဲ ရင်ဖိုစရာကောင်းအောင် ဒါရိုက်တာက ခပ်အေးအေးနဲ့ တဖြည်းဖြည်းချင်း ချပြသွားတယ်။
Actionခန်းနည်းပေမဲ့ တော်တော်ကောင်းတဲ့ စပိုင်ကားလို့ဆိုရပါလိမ့်မယ်။
အထနှေးပေမဲ့ ဆုံးအောင်ကြည့်ပြီးတဲ့အခါ ပရိတ်သတ်ရင်ထဲကျန်နေခဲ့မယ့် ကားကောင်းလို့ ကျွန်တော်တော့ ထင်တယ်။

Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com