Red Notice 2021

MM Sub


ဒီနှစ်ထဲမှာ ကြည့်ချင်ကြတဲ့ ကားတွေထဲက တစ်ကားလာပါပြီ။
ရိုင်ရန်ရေးနိုး၊ ရော့ခ်၊ ဂယ်ဂါဒေါ့တို့ ပါဝင်ထားတဲ့ red notice ရုပ်ရှင်ပဲ ဖြစ်ပါတယ်။
Red Notice ဆိုတဲ့အဓိပ္ပါယ်ကတော့ အင်တာပိုလ်(နိုင်ငံတကာရဲတပ်ဖွဲ့)ကနေ
ကမ္ဘာ့အလိုရှိဆုံး ဝရမ်းအဆင့်အနေနဲ့ ထုတ်ပြန်ရတဲ့ ရာဇဝတ်ကောင်ပဲဖြစ်ပါတယ်။

 
ဒီရုပ်ရှင်မှာတော့ သူခိုးနှစ်ယောက်ပေါ့။ သူတို့ ခိုးချင်တာကတော့ ကလီယိုပက်ထရာရဲ့ ဥပါပဲ။
ဟုတ်ပါတယ် အီဂျစ်ဘုရင်မ ကလီယိုပက်ထရာ ပိုင်ဆိုင်ခဲ့တဲ့ ရတနာဥ သုံးလုံးကို အပြိုင်အဆိုင်ခိုးယူကြမှာပါ။
တစ်လုံးက ပြတိုက်မှာရှိတယ်၊ တစ်လုံးက အရမ်းအန္တရာယ်ကြီးတဲ့လူတစ်ယောက်လက်ထဲမှာ ရှိပြီး၊
နောက်ဆုံးတစ်လုံးကတော့ ဘယ်မှာရှိလဲဆိုတာ ဘယ်သူမှ မသိကြပါဘူး။
အဲဒီရတနာဥသုံးလုံးကို ရရင် ဒေါ်လာ သန်း ၃၀၀ ပေးမယ့် ဘီလီယံနာကြီးတစ်ယောက်က အသင့်စောင့်ကြိုနေပါပြီ။
ဒီတော့ ဥတွေကို deadpool နဲ့ wonder woman တို့ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုဉာဏ်များပြီးလုကြမလဲ။
စုံထောက်ကြီး the rock ကရော ဘယ်လိုလိုက်ဖမ်းမလဲဆိုတာကို ကြည့်လိုက်ရအောင်။

Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com