Once Upon a Time in Hong Kong ( 2021 )

MM Sub


 


ဒီကားလေးက ဟောင်ကောင်မှာတစ်ချိန်က အစိုးရအပြောင်းအလဲ စနစ်တွေကြားမှာ

ပြည်သူတွေလုံးပါးပါးခံစားခဲ့ရတဲ့ကာလက ဘဝတချို့ကိုဇာတ်ကားအဖြစ်ရိုက်ထားတာပါ…

ဒီကားလေးက ကိုလိုနီလက်အောက်ခံကာလမှာ ဟောင်ကောင်ဟာ

စီးပွားရေးလုပ်ငန်းတစ်ဟုန်ထိုး တိုးတက်နေခဲ့ချိန်ပေါ့… ဒါပေမယ့်

ဟောင်ကောင်ရဲ့ စီးပွားရေးက လောင်းကစားနဲ့ ဘိန်းလုပ်ငန်းဖြစ်နေတာပဲ….

 

နောက်ပြီးကလပ်လုပ်ငန်းနဲ့ မိန်းမကိစ္စပါ ပါလာတာပေါ့…

လက်သည်ပျောက်တဲ့အလောင်းတွေ၊ လက်သည်မရှိတဲ့ အမှုတွေ၊ အမှုတောင်

မဖွင့်လိုက်ရတဲ့ အမှုတွေ၊ အဖက်ဖက်က ဒုက္ခတွေနဲ့ ဆီးကြိုနေတဲ့ဘဝကြီးမှာ

ကိုယ့်ဘာသာ အဆုံးစီရင်တာက နောက်ဆုံးထွက်ပေါက်ဖြစ်လာခဲ့တဲ့ ကာလကို

တကယ့်ဖြစ်ရပ်ထက်နည်းနည်းလေးလျှော့ပီးရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ်

ငွေသာလျှင်အမိငွေသာလျှင်အဖဖြစ်လာပြီး ငွေမျက်နှာနဲ့ လူသားချင်းစာနာမှုတွေပျက်ပြားပြီး

လုပ်ချင်ရာလုပ် ဖြစ်ချင်ရာဖြစ်နေခဲ့ပါတယ်… ဒါကို မကြည့်နိုင်သူတစ်ဦးက

အမှန်တရားကို ဖော်ထုတ်ဖို့မပြောနဲ့ မေးမြန်းတာမျိုးဖြစ်ဖြစ်

စုံစမ်းတာမျိုးဖြစ်ဖြစ် လုပ်မိရင်တောင် တစ်ခါတည်းဆုံးမခံရတဲ့ကာလ၊

ဘိန်းလို မှောင်ခိုပစ္စည်း အရောင်းအဝယ်လုပ်ရင်တော့ ငွေမျက်နှာကြောင့် ၉ပုံ ၁ ပုံသာဖမ်းပြီး စခန်းကနေ 

ဝယ်လက်အထိ ခိုးပို့ပေးတဲ့ ကာလ၊

အမှန်တရားအတွက် သက်သေလိုက်ပေးမယ်ဆိုရင်တောင် နောက်နေ့ အလောင်းပေါ်သူကပေါ်

မိုးလင်း တံခါးလာခေါက်ပြီး ခြေဖြတ်ခံလက်ဖြတ်ခံရတဲ့ကာလမျိုးကို

ဘယ်လိုပုံဖေါ်ထားလဲဆိုတာကိုဆက်လက်ခံစားကြည့်လိုက်ကြရအောင်

Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com