Luca 2021 + Ciao Alberto (2021)

MM Sub

ဒစ်စနေးနဲ့ ပစ်စာ တို့ ပူးပေါင်းတင်ဆက်လိုက်တဲ့ အနီမေးရှင်း လှလှလေး တစ်ကားလာပါပြီ။

ဇာတ်လမ်းလေးကလည်း ကောင်းပါတယ်။ အီတလီအခြေခံ ကာတွန်းလေးဖြစ်လို့

 အီတလီ စကားလေးတွေ ညှပ်ပြောတာ၊ အီတလီနာမည်တွေ၊ အစားအသောက်တွေ ပါတာများပါတယ်။

လူကာဆိုတဲ့ ကောင်လေးဟာ လူတွေက ပင်လယ်မိစ္ဆာလို့ခေါ်ကြတဲ့ ရေအောက်မှာ

နေထိုင်တဲ့ ရေသူမျိုးနွယ်ကောင်လေးတစ်ောယက်ပဲ ဖြစ်ပါတယ်။

ရေထဲက လူကာတို့ မျိုးနွယ်တွေကလည်း လူတွေကို ကုန်းမိစ္ဆာဆိုပြီး ကြောက်ကြတာပါပဲ။

အပြန်အလှန်ပေါ့။ ဒီတော့ ကုန်းပေါ်ကိုမတက်ဖို့အသည်းအသန်တားမြစ်ထားတာပါ။

ဒါပေမယ့် တစ်နေ့မှာတော့ ရေအောက်မျိုးနွယ်ကောင်လေးတစ်ယောက်နဲ့ အတူ

ကုန်းပေါ်ကို ခိုးတက်သွားမိတယ်။ အဲဒီကုန်းပေါ်ကနေ ကမ္ဘာကြီးအနှံ့ကို ပတ်သွားချင်စိတ်ဖြစ်လာပြီး

ဗက်စ်ပါဆိုတဲ့ ဆိုင်ကယ်လေးကို ပိုင်ဆိုင်ဖို့ကြိုးစားကြတာပေါ့။

ဒါပေမယ့် သူတို့မှာ ငွေမရှိတဲ့အတွက် တစ်ခုတည်းသော နည်းလမ်းက

အဲဒီမြို့လေးရဲ့ သုံးဆင့်ပြိုင်ပွဲဖြစ်တဲ့ ပက်စတာ အစားပြိုင်ပွဲ၊ ရေကူး၊ စက်ဘီးစီးပြိုင်ပွဲမှာ နိုင်အောင်ဝင်ပြိုင်ဖို့ ကြိုးစားရပါတော့တယ်။

သူတို့ ၂ ယောက်နဲ့အတူ မြို့ထဲက တံငါသည်ကြီးရဲ့ သမီးလေး ဂျူလီယာကပါ

အတူပါဝင်ကြိုးစားကြတဲ့အခါ ဘာတွေဆက်ဖြစ်လာလဲဆိုတဲ့

ချစ်စရာကောင်းတဲ့ ဇာတ်လမ်းလေးကိုကြည့်လိုက်ပါဦး။


Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com