King Solomon’s Mines (1985)

MM Sub

 

Sir H. Rider Haggard ရဲ့ King Solomon’s Mines ဝတ္တုကို လူအတော်များများသိကြမှာပါ။
စာရေးဆရာကြီးရွှေဥဒေါင်းကလည်း ဆော်လမွန်သိုက်ဆိုတဲ့နာမည်နဲ့ ဘာသာပြန်ခဲ့ဖူးပြီး
စာရေးဆရာအတော်များများလည်း ဒီဝတ္တုကို မြန်မာဘာသာနဲ့ပြန်ဆိုထုတ်ဝေခဲ့ဖူးပါတယ်။

အခု ဒီဇာတ်ကားဟာလည်း King Solomon’s Mines ကို မှီငြမ်းရိုက်ကူးထားတဲ့ကားပါ။


 စာအုပ်ထဲကအတိုင်း တစ်ထပ်တည်းကျအောင်ရိုက်ကူးထားတာမျိုးမဟုတ်ဘဲ ဇာတ်လမ်းပြန်ပြင်ထားတာဖြစ်လို့
စာအုပ်ဖတ်ဖူးတဲ့သူတွေအဖို့ နည်းနည်းစိတ်ကသိကအောင့်တော့ဖြစ်မိကြမှာပါ။ ဒါပေမဲ့ ဇာတ်လမ်းလေးက
ခပ်မြူးမြူးလေးမို့ ကြည့်ရတာအတော်လေးအဆင်ပြေပါတယ်။

မင်းသားကြီး ရစ်ချက်ချိန်ဘာလိန်းရဲ့  အလန်ကွာတာမိန်းဇာတ်ရုပ်က သူနဲ့လိုက်ဖက်သလို
မင်းသမီးချော ရှရွန်စတုန်းကလဲ ဇာတ်ကိုကြွလာအောင် ထပ်မံဖြည့်တင်းထားနိုင်တာမို့
ဘယ်အချိန်ကြည့်ကြည့် အကြည့်ခံတဲ့ဇာတ်ကားလေးပါပဲ။

အင်ဒီယာနာဂျုံးကြိုက်သူတွေ အလန်ကွာတာမိန်းကိုလည်း သဘောကျနှစ်ခြိုက်ကြမှာပါ။
ထိုခေတ်ထိုအခါက CGI တွေခေတ်မစားလေတော့ ရိုက်ကွင်းဆက်တင်တွေကို အဓိကအားကိုးပြီး
အာဖရိကအထိသွားပြီး လူရိုင်းတွေနဲ့ အပင်ပန်းခံသွားရိုက်ထားတာပါ။

ဇာတ်လမ်းဇာတ်ညွှန်းကို သိနေရင်တောင်မှ အက်ရှင်စွန့်စားခန်းအပြည့်နဲ့ Adventure Vibe အပြည့်ရစေတာမို့

မိတ်ဆွေတို့ကို မပျင်းစေဘဲ အဆုံးထိဆွဲခေါ်သွားမယ့်ဇာတ်ကားပါ။

မိတ်ဆွေတို့နှစ်ခြိုက်တယ်ဆိုရင် ကျန်ရှိတဲ့ အလန်ကွာတာမိန်းဇာတ်ကားတွေကိုလဲ ထပ်မံတင်ဆက်သွားပါ့မယ်။


Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com