In the Earth (2021)

MM Sub

High Riseတို့ Free Fireတို့ Rebecca ( 2021)တို့ရဲ့ ဒါရိုက်တာ Ben Wheatleyကရိုက်ထားတဲ့ကား။
Rotten Ratingနဲ့ Metacritic Rating အရတော့ အလယ်အလတ်အဆင့်ကားလို့ဆိုလို့ရတယ်။


လန်ပျံနေအောင် ကောင်းမနေဘူး။ သို့ပေမဲ့ ကြည့်ပျော်တယ်။

 


ပြဿနာက Genres, Horrorလို့အမည်ခံထားပေမဲ့ Thrillerအဆင့်လောက်ပဲရှိမယ်။
Mysteryဘက်လည်း တော်တော်သွားတယ်။
Horrorကားအလန်းတစ်ကားဖြစ်တော့မလိုနဲ့ အလယ်လောက်ပြုတ်ကျသွားတဲ့ ဒီရုပ်ရှင်ရဲ့ အဓိကအားနည်းချက်ကတော့
လူနားမလည်အောင် အဆန်းကြီးဖြစ်အောင်လုပ်ချင်ဇောကြီးပြီး ဟိတ်ဟန်များသွားတာကြောင့်လို့ပဲ ယူဆလို့ရတယ်။

“Plot”

ဇာတ်လမ်းအစအဆုံးကို သစ်တောတစ်ခုမှာ ဇာတ်အိမ်တည်ထားတယ်။
သစ်တောထဲမှာ ဘာမှန်းမသိတဲ့အရာကြီးတစ်ခုရှိနေတယ်။
အဲဒီဘာမှန်းမသိတဲ့အရာကြီးနဲ့ ဆက်သွယ်ဖို့ သိပ္ပံပညာရှင်တစ်ယောက်က ကြိုးစားခဲ့တယ်။
သိပ္ပံပညာလိုလို မှော်လိုလို ဟို‌လိုလိုဒီလိုလို နည်းတွေနဲ့ပေါ့ ။
သူ့နည်းတွေကို သူလည်း ဘာမှန်းတော့သေချာတော့သိပုံမရဘူး။
ဒီလိုနဲ့ သစ်တောကြီးက သူ့ကို ပြန်ထွက်လို့မရအောင် လုပ်ထားသလိုလို သူကပဲမထွက်ချင်သလိုလိုနဲ့
ဘာမှန်းမသိရဘဲ ပြင်ပကလူတွေနဲ့ အဆက်အသွယ် ပြတ်သွားတယ်။
ဘာမှန်းမသိပျောက်သွားတဲ့ သူ့ကိုရှာဖို့ ဘာမှန်းမသိဘဲရောက်လာတဲ့ လူတစ်ယောက်က
ဘာမှန်းသေချာမသိဘဲပါလာတဲ့ တောထိန်းတစ်ယောက်နဲ့အတူ သစ်တောထဲ ရောက်လာခဲ့တယ်။
သူတို့နှစ်ယောက်ရဲ့ ပက်သက်မှုကလည်း ဘာမှန်းမသိတဲ့ ပက်သက်မှုမျိုးပဲ။
ရောက်လာပြီး သူတို့ဘာမှန်းမသိတဲ့ကိစ္စတွေကို ဆက်တိုက်ကြုံခဲ့ရတယ်။
အဲ့ဒီဘာမှန်းမသိတာတွေကနေ ဘာတွေဆက် ဖြစ်သွားလဲ။
ဘာမှန်းမသိဘဲကြည့်တဲ့လူကရော ဘာကြီးမှန်းသိလာနိုင်လားကတော့ ဒီဘာမှန်းမသိတဲ့ရုပ်ရှင်မှာ ဘာမှန်းမသိသိမသိသိ ကြည့်ကြည့်ကြပါ။

ဒီရုပ်ရှင်ဟာ ဇာတ်လမ်းတစ်ကြောလုံးကို ရင်တဖိုဖိုနဲ့ ဘာတွေဖြစ်နေတာလဲ စိတ်ဝင်စားနေရင်း ကြည့်ချင်တာဆိုရင် ရွေးသင့်တဲ့ကားပါပဲ။
ရုပ်ရှင်ကြည့်ပြီး ခေါင်းစားရတာကြိုက်တဲ့သူတွေ ကြည့်သင့်တဲ့ကားလည်း ဟုတ်တယ်။


Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com