Firebird (2021)

MM Sub


ဒီရုပ်ရှင်ကတော့ ဆုပေါင်း ၅ ဆု၊ တစ်ကြိုစာရင်း တစ်ကြိမ် ဝင်ထားတဲ့

ရုရှားစစ်နောက်ခံ ဖြစ်ရပ်မှန် အချစ်ဇာတ်လမ်းတစ်ခုပဲ ဖြစ်ပါတယ်။

“Call me by your name” လို vibe မျိုးရသွားစေမယ့် လိင်တူချစ်သူ ရုပ်ရှင်မျိုးပါ။

 

ရုရှားနိုင်ငံဟာ ဟိုမိုဖိုးဘစ် (လိင်တူမုန်းတီးစိတ်)

 အများဆုံးနိုင်ငံတွေထဲက တစ်ခုဖြစ်တာမို့
ဒီရုပ်ရှင်က စိန်ခေါ်မှုတစ်ရပ်လိုပါပဲ။

ဒီဇာတ်ကားကို ကြည့်ဖို့ လိင်တူချစ်တတ်သူ ဖြစ်ဖို့မလိုပါဘူး။
မေတ္တာတရားကို ခံစားတတ်ဖို့ပဲလိုပါတယ်။

လေတပ်စစ်စခန်းတစ်ခုမှာ ဆီဂဲရ်ဆိုတဲ့ ရဲဘော်လေးနဲ့
မက်ဗဲရက်ဆိုတဲ့ တိုက်လေယာဉ်မှူးတစ်ယောက် ချစ်ခင်မိခဲ့ကြတယ်။
ဒါပေမဲ့ စစ်ဥပဒေအရ ယောကျာ်းချင်း ချစ်ကြိုက်ရင်
အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၅ နှစ်လောက်အထိ ကျနိုင်တာမို့
လူမသိသူမသိ သိုသိပ်ပြီး ချစ်ကြရင်းနဲ့
အခြေအနေတွေကြောင့် ကွဲကွာသွားလိုက် ပြန်ဆုံလိုက် ပျော်လိုက်၊
ဝမ်းနည်းလိုက် အခက်အခဲတွေကြုံလိုက်နဲ့ အနိမ့်အမြင့်အစုံ လိုက်ပြီးခံစားကြည့်ရမယ့် ရုပ်ရှင်မျိုးပါပဲ။

ဒီရုပ်ရှင်ကလည်း LGBT ရုပ်ရှင်ကောင်းတွေစာရင်းထဲမှာ
သေချာပေါက် ထည့်ရမယ့် ရုပ်ရှင်ဆိုတာတော့ ပြောနိုင်ပါတယ်ဗျာ။


Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com