Dead Snow (2009)

MM Sub
ဟောလိုးဝင်းညအတွက် ဟော်ရာ ကားကောင်းတစ်ကား ထပ်တင်ပေးထားပါတယ်။
နာဇီတွေ အရမ်းဆိုးတယ်ဆိုတာ လူတိုင်းသိပါတယ်။
ဇွန်ဘီးတွေ အရမ်းဆိုးတာလည်း လူတိုင်းသိပါတယ်။
ဒီကားမှာတော့ နာဇီဇွန်ဘီးတွေ ဖြစ်နေတဲ့အတွက် နှစ်ဆ ဆိုးတယ် ပြောရမလိုပါပဲ။



ဇွန်ဘီးဖြစ်သွားရင် လူကောင်းဖြစ်ဖြစ် နာဇီဖြစ်ဖြစ်အတူတူပဲဆိုတော့
ဘာမှမထူးဘူးလို့တော့ ပြောလို့မရပြန်ပါဘူး။
ဒီဇွန်ဘီးတွေက ပိုးကူးစက်တာမဟုတ်ဘဲ
ကျိန်စာသင့်ပြီး ဖြစ်လာတာဆိုတော့ အစွမ်းနည်းနည်းရှိပါတယ်
ဦးနှောက်လည်း နည်းနည်းရှိပါတယ်။
ဒီကောင်တွေပေးတဲ့ ဒုက္ခကို အရင်ဆုံးခံရမယ့်သူတွေကတော့
နော်ဝေးက နှင်းတောင်တွေပေါ်ကို အလည်ရောက်လာတဲ့
ဆေးကျောင်းသား အုပ်စုတစ်သိုက်ပါပဲ။
ဒါပြီးရင်တော့ ဒုတိယရုပ်ရှင်မှာ အများကြီးဆက်ဒုက္ခပေးပါဦးမယ်။
ဇာတ်လမ်းကောင်းတဲ့အပြင် ရိုက်ချက်တွေ ရက်စက်တာမို့
ဟော်ရာပရိသတ်တွေအတွက်တော့ အကြိုက်တွေ့စေမှာပါ။
ဒီကားကို ကြည့်ပြီးရင်လည်း Dead Snow 2 ကို ရှာပြီး ဆက်ကြည့်လိုက်ကြပါဦး။


Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com