Rashmi Rocket(2021)

MM Sub


Haseen Dillruba ရုပ်ရှင်ထဲက မင်းသမီးချောလေး
Taapsee Pannu ကို ဘယ်သူတွေ လွမ်းနေကြတုန်း
ဒီတစ်ခါမှာလည်း သူဟာ အရမ်းမိုက်တဲ့ ဇာတ်ကားနဲ့အတူ ပြန်လာခဲ့ပြန်ပါပြီ
ဒီဇာတ်ကားမှာတော့ သူဟာ အဓိကဇာတ်ကောင်ဖြစ်တဲ့
ရက်ရှ်မီးနေရာကနေ သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်
ရက်ရှ်မီးဟာ မိန်းကလေးဆိုပေမယ့်လည်း မိန်းကလေးပီပီသသနေတတ်တဲ့သူမဟုတ်ပါဘူး
အရပ်အမောင်းထွားတဲ့အပြင်ကို ဆံပင်ကလည်းစုတ်ဖွားနဲ့ မိန်းကလေးလို့ မြင်စရာကိုမရှိတာပါ

သူ့ရွာကလူတွေကတော့ ရက်ရှ်မီးကိုနောက်ထပ်နာမည်တစ်မျိုးပေးထားသေးတယ်
အဲ့ဒါကတော့ ရော့ကတ်တဲ့ ဘာလို့လဲဆို​တော့ သူကပြေးရင် အရမ်းမြန်တာကိုး
အဲ့လို အရမ်းမြန်တဲ့ ရက်ရှ်မီးရော့ကတ်ဟာ ငယ်စဥ်က
အကြောင်းတစ်ခုကြောင့် အပြေးပြိုင်ပွဲကို ရပ်နားခဲ့ရပါတယ်
ဒါပေမဲ့ ဗိုလ်ကြီး ဂါဂန်ရဲ့ တိုက်တွန်းမှုကြောင့် ရက်ရှ်မီးတစ်ယောက်
အပြေးပြိုင်ပွဲကို ပြန်လည်ဝင်ပြိုင်ရာကနေပြီးတော့ နိုင်ငံလက်ရွေးစင်အဖွဲ့ဝင်အနေနဲ့
ယှဥ်ပြိုင်ရတဲ့အထိ တစ်ဟုန်ထိုး အောင်မြင်လာခဲ့ပါတယ်
အောင်မြင်လာတာနဲ့အမျှ မလိုမုန်းထားအကောက်ကြံစည်မှုတွေ
ရှိလာတတ်တာ သဘာဝပဲမဟုတ်လား
ဒီဇာတ်လမ်းထဲမှာကော ရက်ရှ်မီးတစ်ယောက်
ဘယ်လိုဒုက္ခတွေကြုံတွေရမလဲ….??
ဘယ်လိုမျိုး ကြံ့ကြံ့ခံပြီး အခက်အခဲတွေကို ရက်ရှ်မီးတစ်​ယောက်
ဘယ်လိုဖြတ်ကျော်သွားမလဲဆိုတာ…
ရင်တဒိတ်ဒိတ်နဲ့ ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်

Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com