Parallel (2020)

MM Sub

 


Sci-fi ဇာတ်ကားကောင်းကောင်းလေးတွေကို သဘောကျတဲ့သူတွေအတွက် ဒီ Parallel ဆိုတဲ့ဇာတ်ကားလေးက

စိတ်ကျေနပ်မှုရစေမှာပါ။ Multiverse,doppelganger စတာတွေနဲ့ ပတ်သက်ပြီး ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်လမ်း

ကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။

 

ဇာတ်လမ်းအကျဥ်းအနေနဲ့ကတော့ နိုအယ်လ်၊ လီနာ၊ ဒယ်ဗင်နဲ့ ‌ဂျော့ရှ်တို့ သူငယ်ချင်းတစ်စုဟာ apps တွေတီထွင်ဖို့

ကုမ္ပဏီအသေးလေးတစ်ခု ထောင်ထားကြပါတယ်။ App တစ်ခုကိုလုပ်ဖို့ကြိုးစားနေကြတဲ့အချိန်မှာ ယိုင်နဲ့နဲ့ သူတို့

ကုမ္ပဏီဟာလည်း ကျဥ်းထဲကျပ်ထဲ ရောက်နေတာပေါ့။ တစ်နေ့ သူတို့အုပ်စု စိတ်ညစ်ညစ်နဲ့ ဘားမှာ အရက်သောက်

နေကြတဲ့အချိန်မှာ အသိတစ်‌‌ယောက်ဆီကနေ သူတို့ကုမ္ပဏီထောင်ဖို့ လက်ရှိငှားထားတဲ့အိမ်ကြီးမှာ အရင်က မိန်းမကြီး

တစ်ယောက် ထူးထူးဆန်းဆန်း ပျောက်သွားဖူးကြောင်း ဒီအိမ်ကြီးက ညာဥ်မကောင်းကြောင်း စသဖြင့်ပြောလာပါတယ်။

အဲ့ညမှာ သူတို့အိမ်ကိုပြန်ရောက်ကြတဲ့အချိန် အိမ်နံရံနောက်မှာ လျှို့ဝှက်စွာတည်ဆောက်ထားတဲ့အခန်းကြီးကို သူတို့

တွေ့သွားကြတယ်ပေါ့။ အဲ့ဒီအခန်းထဲမှာ မှန်တစ်ချပ်လည်းရှိနေပြီး ထူးခြားချက်ကတော့ တခြား Multiverse တွေဆီ

သွားလာနိုင်တဲ့ ဂိတ်ပေါက်သဖွယ် ပစ္စည်းတစ်ခုပါပဲ။ ဒီပစ္စည်းကနေတစ်ဆင့် တခြား universe တွေဆီ နိုအယ်လ်တို့လူတစ်စု

ကူးသွားနိုင်တာကနေစပြီး . သူတို့စဥ်းစားမိတဲ့ အကြံဥာဏ်နဲ့ သူတို့ ကုမ္ပဏီရဲ့ အခက်အခဲကို ဖြေရှင်းလိုက်ကြတယ်ပေါ့။

အခုပြောပြသွားတာတွေဟာ ဇာတ်လမ်းအစပိုင်းလေးတင်ပါ . ဒီဇာတ်လမ်းရဲ့ တကယ့်အနှစ်သာရကတော့ Multiverse

တွေကို တံခါးမရှိ ဓါးမရှိ ဝင်ထွက်သွားလာနေတဲ့ ဒီ ၄ ယောက်ရဲ့နောက်ဆက်တွဲတွေပါပဲ . ကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါဦး။

 

Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com