Killing Them Softly (2012)

MM Sub
IMDb Rating – 6.2/10
Rotten Tomatoes – 74%ဒီရုပ်ရှင်ကို ဘာလို့ကြည့်ဖြစ်ခဲ့လဲဆိုရင် ဖြေရမယ့် အဖြေက တစ်ခုတည်းရှိမယ်။ ဘရက်ပစ်ပဲ။
ပုံမှန်အားဖြင့်ဆိုရင်တော့ ဇာတ်ကားတစ်ကားကို ကြည့်သင့်လားဆိုတာ ဒါရိုက်တာကြည့် ဆုံးဖြတ်ကြတာများပေမဲ့
ကိုယ်သဘောကျတဲ့ သရုပ်ဆောင်တစ်ယောက်ရဲ့ သရုပ်ဆောင်ပုံကို မြင်ရမှာကိုလည်း ထည့်တွက် ဆုံးဖြတ်ကြတာပဲမလား။
ဒီကားဟာ ဒီအချက်အတွက်တော့ စိတ်မပျက်စေခဲ့ဘူး။ဘရက်ပစ်ဟာ မျှော်လင့်ထားတဲ့အတိုင်း သူ့ကိုမြင်နေကျ သူ့ဟန်အတိုင်းပဲ ပေါ်လာခဲ့တယ်။ဇာတ်လမ်းကတော့”မနူးမနပ်လူမိုက်ကလေးတွေက ဝါရင့်လူမိုက်ကြီးတွေကို ကတုံးပေါ်ထိပ်ကွက် လုပ်ဖို့ ကြံတဲ့အကြောင်းပါပဲ။



ဒီဇာတ်အိမ်ကို အမေရိကန် ဘဏ္ဍာရေးပျက်ကပ်ခေတ်မှာတည်ပြီး အဲ့ဒီကာလက သတင်းတွေ မိန့်ခွန်းတွေကို တစ်ချိန်လုံးနီးပါး နောက်ခံအသံထည့်ထားတယ်။
ထည့်ထားရတဲ့အကြောင်းရင်းက ဘာလဲ
ဒီမနူးမနပ် လူမိုက်တွေရဲ့အဖြစ်နဲ့ ဘဏ္ဍာရေးပျက်ကပ်ကို သရော်ချင်တာလား ဘာလားတော့ စီးပွားရေးပျက်ကပ်နဲ့ပက်သက်ပြီး ဂဃနဏမသိလို့ ညဏ်မမှီဘူး။
မှီတဲ့သူတွေအတွက် ပိုသဘောကျချင်စရာ ကောင်းလောက်မယ်။ခပ်ကြမ်းကြမ်း ရွဲ့ရွဲ့ စကားတွေပြောနေမယ့် ဘရက်ပစ်အပြင် Goodfellasထဲက Ray Liottaလည်းပါတယ်။
Cogan’s Tradeဆိုတဲ့ ဝတ္တုကိုပြန်ရိုက်ထားပြီး ကားကောင်းတွေ ထုတ်တာများတဲ့ ဘရက်ပစ်ရဲ့ Plan Bကပဲ ထုတ်ထားတယ်။
ဆဲတာဆို‌တာတွေလည်း တစ်ကားလုံးနီးပါးပါပဲ။
ပမာဏတစ်ခုအထိတော့ ဖော့ရေးထားတယ်။
ကြမ်းကြမ်းရမ်းရမ်း ရိုင်းရိုင်စိုင်းစိုင်း သတ်လိုက်ဖြတ်လိုက် ဆဲလိုက်ဆိုလိုက်ကားတွေ မကြိုက်တတ်ရင်တော့ လက်ရှောင်သင့်တဲ့ကားပါပဲ။

Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com