I Know What You Did Last Summer (1997)

MM Sub


 

အထက်တန်းကျောင်းပြီးသွားတဲ့ နွေရာသီကာလတစ်ခုမှာပေါ့…  သူငယ်ချင်းတစ်သိုက် ပါတီတွေလုပ်ကြတယ်။
ပျော်ကြတယ်။ မူးကြတယ်။ ကား လျှောက်ပတ်မောင်းကြတယ်။

သူတို့ ကြိုမသိလိုက်တာက နောက်တစ်ချိန်မှာဖြစ်လာမယ့် သူတို့ရဲ့ အိပ်မက်ဆိုးတွေဟာ အဲဒီနွေညမှာပဲ
စတင်ခဲ့တယ်ဆိုတာပဲ

 

ကားလျှောက်ပတ်မောင်းရင်း 

လူတစ်ယောက်ကို တိုက်မိတယ်။ ရဲတွေနဲ့ မပက်သက်ချင်၊
ဖြစ်လာမယ့် အရှုပ်အရှင်းတွေကိုလည်း ရင်မဆိုင်ချင်ကြတဲ့အဆုံးမှာတော့ အလောင်းဖျောက်ပစ်ဖို့ ကြိုးစားကြတယ်။

ဒါကို သူတို့က မတော်တဆဖြစ်တာပါလို့ ကိုယ့်စိတ်ကိုယ် ပြန်ချော့တယ်။

ဒါပေမယ့် တိုက်ခံရတဲ့သူဟာ မသေသေးဘူး။ သူတို့ ကြောက်ကြောက်လန့်လန့်နဲ့ ရေထဲချလိုက်မှ
ဒါဟာ လူသတ်မှုဖြစ်သွားတာပဲ။

ဒီကိစ္စကို ဘယ်သူ့မှမပြောကြေး၊ သေတဲ့အထိ လျှို့ဝှက်ထားကြမယ်ဆိုပြီး တစ်ယောက်နဲ့တစ်ယောက် သစ္စာဆိုခဲ့ကြတယ်။
ဒါပေမယ့် နောက်နှစ် နွေရာသီကာလမှာ စာတစ်စောင်ရောက်လာတယ်။

” မင်းတို့ မနှစ်နွေရာသီတုန်းက ဘာလုပ်ခဲ့လဲ ငါသိတယ် ” ဆိုပြီးတော့ပေါ့။
အတိတ်ရဲ့ တစ္ဆေဟာ သူတို့ကို ပြန်ခြောက်ခဲ့ပြီ။

နာမည်ကြီး လူသတ်ကားတစ်ကားဖြစ်တဲ့ Scream ရဲ့ ဇာတ်ညွှန်းရေးဆရာဟာ ဒီကားရဲ့ဇာတ်လမ်းကို
Scream မရိုက်ခင်ကကို ပလန်ရှိခဲ့တာပါ။ ဒါပေမယ့် သူ့ရဲ့ ဒီဇာတ်လမ်းကို ဘယ်သူမှ မဝယ်ခဲ့ကြဘူး။ ဒါပေမယ့်
Scream ပေါက်သွားတဲ့နောက်မှာတော့ Columbia က တန်းဝယ်လိုက်ပါတော့တယ်။

ဒီကားဟာ Horror ဆိုပေမယ့် Genre အတော် စုံတယ်။ အချစ်ဇာတ်လမ်းနည်းနည်း၊ Thriller နည်းနည်း၊
အကုန်ရောသမမွှေထားတာပဲ။ အဲဒါကြောင့်မို့လည်း Classic စာရင်း ဝင်ခဲ့ဟန်တူပါရဲ့။
Trilogy အနေနဲ့ I still know နဲ့ I always know တို့ ရှိသေးပေမယ့် ပထမကားရဲ့ ခြေဖျားကို လုံးဝမမီခဲ့ပါဘူး။
နောက်ပြီး ဒီလ 15 ရက်မှာ Amazon ကနေထွက်လာတဲ့ ဒီဇာတ်လမ်းရဲ့ Reboot စီးရီးဟာ မူရင်းဇာတ်လမ်းနဲ့
လုံးဝကို သွေဖီပြီး ကာရိုက်တာအသစ် Twist အသစ်တွေနဲ့ လုံးဝ Reboot ခဲ့ပါတယ်။
ဒါပေမယ့်လည်း July လေးရက်နေ့တိုင်း လူအများစုရွေးပြီးကြည့်ကြတဲ့ Horror ကားတွေထဲမှာတော့
ဒီကားဟာ Old but Gold စာရင်းဝင်နေတုန်းပါပဲ။

 

width="100%"

Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com