Forever Rich (2021)

MM Sub


 

ဘယ်အရာဆို သုံးတတ်ရင်‌ဆေးဖြစ်ပြီး အသုံးမတတ်ရင်တော့ ဘေးဖြစ်တတ်ပါတယ်။ ဆိုရှယ်မီဒီယာဆိုတာလည်း ဒီလိုပါပဲ။ Forever Rich ရုပ်ရှင်ဟာ ဆိုရှယ်မီဒီယာပေါ်တက်ကြွားမှု၊ 

ပါးစပ်ဖွာမှုနဲ့ရူးနှမ်းတဲ့ဆုံးဖြတ်ချက်တွေကြောင့်ဘ၀ပျက်လုနီးပါးဖြစ်ခဲ့ရတဲ့ နာမည်ကျော် Rapper တစ်ယောက်အကြောင်းကို 

ရိုက်ကူးထားတာပါ။

 

နယ်သာလန်က နာမည်ကျော် Rapper တစ်ဦးဖြစ်တဲ့ 

Richie ဟာ အားလပ်ချိန်တိုင်း ဆိုရှယ်မီဒီယာပေါ်အချိန်ကုန်လေ့ရှိပြီး ကိုယ့်ကိုယ်ကိုမထိန်းချုပ်နိုင်ဘဲ 

အကုန်လျှောက်ပြောတတ်သူလည်း ဖြစ်ပါတယ်။ 

တစ်နေ့မှာ သူ့ရဲ့ပါးစပ်ဖွာမှုကြောင့် 

သူအရမ်းတန်ဖိုးထားတဲ့ အဖိုးတန်နာရီကို ဆယ်ကျော်သက်လမ်းသရဲလေးတွေက လုယက်သွားခဲ့ပါတယ်။ သူလုယက်ခံရတဲ့ဗီဒီယိုဟာ အွန်လိုင်းမှာပျံ့သွားခဲ့တာကြောင့် အပြောကြီးခဲ့တဲ့ Rickie တစ်ယောက် 

အရှက်တကွဲဖြစ်ခဲ့ရပါတယ်။ သူ့သိက္ခာကိုပြန်ဆယ်ပြီး နာရီပြန်ရဖို့အရေးအတွက် ကြိုးစားခဲ့ပေမဲ့ သူ့ရဲ့ မိုက်ရူးရဲဆန်မှု၊ တလွဲဆံပင်ကောင်းမှုတွေကြောင့် 

အခြေအနေတွေဆိုးသထက် ဆိုးကုန်ပါတယ်။ အောင်မြင်မှုကိုသာယာယစ်မူးရင်း အရာရာကို နာမည်ကျော်ကြားမှု၊ ပိုက်ဆံတို့နဲ့ ဖြေရှင်းချင်တဲ့ Richie တစ်ယောက် အဲဒီအခက်အခဲတွေနဲ့ ဘယ်လိုစခန်းသွားမလဲဆိုတာကို စိတ်၀င်တစား ဆက်လက်ကြည့်ရှူကြရမှာပါ။

နာမည်ကျော်တစ်ဦးလုယက်ခံရမှုကိုအခြေတည်ရိုက်ကူးထားတဲ့ သာမန်ဇာတ်လမ်းတစ်ပုဒ်လို့ထင်ရပေမဲ့ သင်ခန်းစာယူစရာတွေ၊ ဆင်ခြင်မိစရာတွေ အများကြီးပါ။ “Human Stupidity is infinite” လို့ ဆိုကြတဲ့အတိုင်း လူသားတွေရဲ့ဆင်ခြင်ဉာဏ်မဲ့မှု၊ 
မိုက်မဲရူးနှမ်းမှုဟာ အဆုံးမရှိတာကို 
 ဒီကားထဲမှာ ကွက်ကွက်ကွင်းကွင်းမြင်နိုင်ပါတယ်။တကယ်ကြည့်လို့ကောင်းတဲ့ ဒတ်ခ်ျစကားပြော Netflix ဇာတ်လမ်းကောင်းတစ်ပုဒ်မို့ ကြည့်ဖြစ်အောင် ကြည့်ကြည့်ကြဖို့ ညွှန်းပေးချင်ပါတယ်။

 

Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com