Chehre (2021)

MM Sub

 

 


IMDb…7.5

ဒေလီသွားရာ ဖြတ်လမ်းတစ်နေရာတစ်ခုပါ။
တောင်ပေါ်လမ်းဖြစ်သည့်အလျောက်
သစ်ပင်များဖြင့် အုံ့ဆိုင်းနေသော လမ်းကျဉ်းလေးတစ်ခုရှိတယ်….
အဲ့ဒီနေ့မှာ နှင်းမုန်တိုင်းများ ပြင်းထန်နေပြီး
နှင်းခဲနှင်းမိုးတွေလည်း လမ်းပေါ် ပြည့်နှက်နေတယ်။

 

မစ္စတာမီဟ်ရာတစ်ယောက် မောင်းနှင်လာသော
BMWကားအကောင်းစား တစ်စီးနှင့်
ဒီလမ်းအတိုင်း ဖြတ်မောင်းလာစဉ်
လမ်းပေါ်သို့ လဲကျလာသော သစ်ပင်အား

ကံကောင်းထောက်မစွာ ကပ်ရှောင်ကွင်းနိုင်ခဲ့တယ်။

ဒါပေမဲ့ ရှေ့ဆက်ဖို့ရာအတွက်တော့
သူ့အတွက် ခက်ခဲလှပါတယ်။

အနီးအနားသို့ ရောက်လာတဲ့
သူတစ်ယောက်ရဲ့ အကူအညီနဲ့ သူဟာ
တည်းခိုရာ အိမ်တစ်ခုကို ရောက်သွားခဲ့ပါတယ်။

ကယ်ဆယ်ခဲ့တဲ့သူတွေနဲ့ မိတ်ဆက်စကားလက်ဆုံကြရာမှာ

ဉပဒေအရာရှိတစ်ဦးဖြစ်နေတယ်…

မစ္စတာ မီဟ်ရာအတွက် ဥပဒေလောကနဲ့ မနီးစပ်ပေမဲ့
သူတည်းခိုရာဝန်းကျင်က ရှေ့နေတွေ တရားသူကြီးတွေနဲ့
စကားလက်ဆုံ ကျဖို့ အကြောင်းဖန်လာခဲ့ပါတော့တယ်။

အဲ့ဒီကနေ တဆင့် ဥပဒေနှံ့စပ်သူ လေးယောက်ရဲ့
အန္တရယ်များတဲ့ ကစားပွဲထဲကို သူ စိတ်မပါဘဲ ဝင်ပါကစားဖို့ဖြစ်သွားခဲ့တယ်။

ဘယ်လို ကစားပွဲဖြစ်မလဲ၊
ဘယ်လောက်ထိ ခက်ခဲမလဲ၊
ဥပဒေတွေကြားမှာ ရှင်သန်သူတွေရဲ့ကြား
လုပ်ငန်းရှင်တစ်ယောက် ဘယ်လို အခက်ကြုံမလဲဆိုတာကိုတော့…….

Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com