A Way Station ( 2021 )

MM Sub

 


ဟိုးငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက ရင်းနှီးခဲ့ကြတဲ့

အထက်တန်းကျောင်းသားနဲ့ ကျောင်းသူလေးတို့ နှစ်ယောက်သားအရမ်းချစ်ခဲ့ကြတယ်

တစ်နည်းပြောရရင်‌ ငယ်ချစ်ဦးတွေပေါ့ ဒါပေမယ့်လည်း အကြောင်းကြောင်းကြောင့်

 

 

ကွဲသွားကြတယ် ဒီလိုနဲ့ကောင်မလေးက ဆိုးလ်မှာအလုပ်လုပ်နေရင်း သူ့မှာ

ကင်ဆာရောဂါနောက်ဆုံးအဆင့်ဖြစ်နေတာ သိလိုက်ရတော့ နယ်မြို့လေးဆီပြန်လာခဲ့တယ်

ငယ်သူငယ်ချင်းတွေနဲ့ဆုံဖြစ်တော့ ငယ်ချစ်ဦးလေးလည်းပါ‌တာပေါ့နော်

ကောင်လေးမှာက အယ်ဇိုင်းမားဖြစ်နေတယ် ကောင်မလေးက

ကင်ဆာနောက်ဆုံးအဆင့်ရောဂါသည် နှစ်ယောက်လုံးက ချစ်ရက်နဲ့လမ်းခွဲခဲ့ကြရတော့

ကောင်လေးဘက်ကကျ ကျန်ရှိနေတဲ့အချိန်ကို နှစ်ယောက်အတူဖြတ်သန်းချင်တယ်

ကောင်မလေးကကျ ကောင်လေးကိုသနားလည်းသနားမိသလို အားလည်းနာတဲ့အတွက်

လက်မခံချင်ဘူး နှစ်ယောက်သား သူတို့ဘဝရဲ့လက်ကျန်အချိန်တွေကို

သီးသန့်စီပဲဖြတ်သန်းဖြစ်ကြမလား အတူတူ‌အနားမှာရှိနေပေးကြရင်း

ကုန်ဆုံးကြမလားကိုတော့ ကိုယ့်ဘာသာကိုယ်ပဲကြည့်လိုက်ကြပါတော့

မင်းသားက ZE:A အဖွဲ့ထဲကပါ မင်းသမီးကတော့ ဟိုတလောကပြီးသွားတဲ့

Devil Judge ထဲက supporting actress ပါ နှစ်ယောက်လုံးက

ပရိတ်သတ်တွေရင်းနှီးပြီးသားသူတွေချည်းပါပဲ ဇာတ်လမ်းတစ်ခုလုံးက

အဆွေးအမြည့်တွေချည်းမဟုတ်သလို အချိန်ပြည့် ရိုမန်တစ်ဆန်နေတာလည်း မဟုတ်ပါဘူး

ကောင်မလေးနဲ့ပတ်သက်သမျှသေးသေးလေးတွေကအစ

အသေးစိတ်မှတ်ထားတတ်တဲ့ ကောင်လေးရယ် ဂရုမစိုက်ဘူး

မချစ်ဘူးထင်ရပေမယ့် ရင်ထဲအသည်းထဲကနေ နှစ်နှစ်ကာကာချစ်နေတဲ့

ကောင်မလေးရယ် ကြည့်နေရင်းကို ကြည်နူးမှု‌ကြောင့်ရင်ထဲနွေး‌သွားမှာပါ

 

Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com