Zone 414 (2021)

MM Sub

 


Memento ထဲက မင်းသားကြီး Guy Pearce , Vikings နဲ့ Warcraft ထဲက မင်းသား Travis Fimmel နဲ့

Revenge ဖိုက်တာဇာတ်ကားထဲက အီတလီမင်းသမီး Matilda Lutz တို့လို ဇာတ်ဆောင်တွေနဲ့ ရိုက်ကူးထားပါတယ်။

ဇာတ်လမ်းအကျဉ်းလေးကတော့

ဒေးဗစ်ကာမိုက်ကယ်ဟာ မရိန်းတပ်သားဟောင်းတဖြစ်လဲ ရဲစုံထောက်ဟောင်းတစ်ဦးဖြစ်ပြီးတော့
အမှုတစ်ခုနဲ့ထွက်လာခဲ့တဲ့နောက်ပိုင်း အလွတ်စုံထောက်အဖြစ်အသက်မွေးနေပါတယ်။

တစ်နေ့တော့ သူ့ကို ဇုန် ၄၁၄ လို့ခေါ်တဲ့ လူသားအသွင်နဲ့စက်ရုပ်တွေရဲ့နယ်မြေ
ရိုဘော့မြို့တော်လို့ခေါ်ကြတဲ့ နေရာကြီးကိုတည်ထောင်ထားတဲ့ မာလွန်ဗိဒ်ဆိုသူကဆက်သွယ်လာခဲ့ပြီး
အဲ့ဒီဇုန်ထဲကိုထွက်ပြေးသွားခဲ့တဲ့ သူ့သမီးကို ရှာဖွေပြီးပြန်ခေါ်လာခဲ့ဖို့ အမှုအပ်လာပါတယ်။

အဲ့ဒီဇုန်ထဲမှာ ပထမဆုံးတွေ့ဆုံရတဲ့သူကတော့ ဂျိန်းဆိုတဲ့ဖောက်သည်တွေဆန္ဒကို
နည်းမျိုးစုံနဲ့ဖြည့်ဆည်းပေးဖို့တာဝန်ယူထားတဲ့စက်ရုပ်မလှလှလေးတစ်ယောက်ဖြစ်ပါတယ်။
ဗိဒ်သမီးရဲ့ ပျောက်ဆုံးမှုဟာ သာမန်အိမ်ပြေးမှုတစ်ခုအဖြစ်စတင်ခဲ့ပေမယ့်
ရှုပ်ထွေးပွေလီတဲ့လူတွေရဲ့အကောက်ဉာဏ်၊ ရူးသွပ်မှု ၊ အတ္တတွေကြားမှာ
သူတို့အတွက် အန္တရာယ်ဟာ

 

 

ပိုမိုနက်ရှိုင်းလာပါတော့တယ်။မြင်နေတွေ့နေကျဇာတ်လမ်းမျိုးဖြစ်ပေမယ့်
ပုံဖော်ထားတဲ့ CGI တွေ Cinematography အမိုက်စားတွေနဲ့အတူ
90s ဝန်းကျင်ကခေတ်စားခဲ့တဲ့စက်ရုပ်လူသားကားတွေ ခေတ်လွန်မြို့တော်တွေရဲ့ vibe မျိုး
တစ်ခါတစ်လေ Blade runner လိုပုံစံမျိုးကိုတောင်ပြန်အမှတ်ရစေတဲ့
စိတ်ကူးယဉ်သိပ္ပံဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။


Link1        720p        Download   Watch Now