The Voyeurs(2021)

MM Sub

 


ရုပ်ရှင်ရဲ့နာမည်ဖြစ်တဲ့ voyeur ကို အဘိဓာန်မှာတော့ “သူတစ်ပါး၏လိင်ကိစ္စကို တိတ်တခိုး ကြည့်ရှုရာ၌ နှစ်ခြိုက်မွေ့လျော်သူ”လို့ အဓိပ္ပာယ်ဖွင့်ဆိုထားတယ်။
အတွဲချောင်းတဲ့ကောင်ပေါ့ဗျာ။

နာမည်အတိုင်းပဲ တစ်ဖက်အိမ်က ကိစ္စတွေကို စပ်စုကြတဲ့ အတွဲတစ်တွဲအကြောင်းပေါ့။

“မိန်းမ၀တ် အတွင်းခံဘောင်းဘီတစ်ထည်”ဆိုတဲ့ မင်းခိုက်စိုးစန်ရဲ့၀တ္တုတိုတစ်ခုကိုတောင် ပြေးမြင်မိလိုက်သေးတယ်။

သူရေးထားတာကျ သူ့အိမ်ကနေ မြင်နေရတဲ့ တစ်ဖက်အိမ်က အတွင်းခံတစ်ထည်အကြောင်း။

 


 

ဒီမှာကျ တစ်ဖက်အိမ်က ကိစ္စဝိစ္စတွေ အကုန်ပေါ့။

ဇာတ်လမ်းက ကြည့်ပျော်တဲ့ ဇာတ်လမ်းမျိုးပါပဲ။

ဒါကိုမှ မင်းသမီးလှလှလေးရဲ့ ဟိုအခန်းဒီအခန်းတွေ ပေါင်းပေးထားတော့ ပိုကြည့်ပျော်သွားတယ်။

ဇာတ်လမ်းကလည်း နည်းနည်းထူးထူးဆန်းဆန်းဆိုတော့ ကြည့်ပျော်တယ်ဆိုပေမဲ့ စကီချောချောလေးရဲ့ အလန်းစား Sceneတွေကိုကြည့်ရမှာနဲ့တင် ဒီရုပ်ရှင်ဟာ တန်နေပါပြီ။

လူဟာ သမ္မာရှစ်ပါးနဲ့ မပြည့်စုံသေးသမျှ ကာမတဏှာရှိကြတာပဲမဟုတ်လား။

ထိန်းချုပ်မှုနဲ့ အထားအသိုမမှားဖို့တော့လိုတယ်။

ဒီရုပ်ရှင်ဟာ ခင်ဗျားရဲ့ ကာမတဏှာကို သုံးသင့်တဲ့နေရာမှာ သုံးလို့ရနိုင်အောင် ထိန်းချုပ်တတ်စေဖို့ ပြောပြပေးတဲ့ ရုပ်ရှင်တစ်ကားပါပဲ။