The Legend of the Condor Heroes (2021)

MM Sub

 

 


မေချောက်ဖုံ ဆိုတဲ့နာမည်လေးကို Conder Heros ကြည့်ဖူး ဖတ်ဖူးသူတွေအားလုံး ကြားဖူးကြမှာပါ…

ရင်းလည်း ရင်းနှီးကြမှာပါ…အခု 2019 နောက်ပိုင်းမှာ Conder Herosကို version အစုံနဲ့ ပြန်ရိုက်လာတာ

အားလုံး သတိထားမိမယ်ထင်ပါတယ်.. ဒီဇာတ်ကားလေးလည်း Conder Herosကို ပြန်ရိုက်ထားတဲ့

version တွေထဲက version တစ်ခုပါပဲဒါပေမယ့် ဒီကားကတော့ မေချောက်ဖုံရဲ့ side Story ပေါ့


 

ဒီကားလေးရဲ့ အဓိက ဇာတ်ကောင်ကတော့ Mei Chaofeng ပါပဲ…

တချို့ကလည်း လူဆိုးလို့အမှတ်ထင်ကာ အမုန်းကြီးမုန်းခဲ့သလို တချို့ကလည်း

မေတ္တာငတ်သူလို့ အသနားပိုခဲ့တဲ့ ဇာတ်ကောင်တစ်ခုပါ… ဒီဇာတ်ကောင်ကို

ဒီဇာတ်လမ်းထဲမှာတော့ သူ့ဘဝနဲ့ ပြောင်းလဲလာပုံ ဒီလမ်းရောက်အောင်

တွန်းပို့ခဲ့တဲ့ ကံကြမ္မာဇာတ်ဆရာအကြောင်းကို ရိုက်ကူးပုံဖော်ပြထားပါ…

ဇာတ်လမ်းအကျဉ်းလေးပြောပြရမယ်ဆိုရင် လှပတဲ့မိန်းမပျိုလေးတွေကို

တန်ဖိုးဖြတ်ရောင်းစားနေတဲ့လောကမှာ အသားနာခံမယ် ဘဝအပျက်မခံဘူးဆိုတဲ့

ခံယူချက်နဲ့ သူဖုန်းစားလုပ်ဖို့ ဆုံးဖြတ်ရင်း ငတ်တစ်လှည့် ပြတ်တစ်လှည့် မသေရုံတမယ်

ဗိုက်ထဲအစာရောက်ရုံလောက်သာစားရတဲ့ Mei Chaofeng တစ်ယောက်

ဘဝအချိုးအကွေ့တစ်ခုမှာ ယောက်ျား ၂ ယောက်နဲ့တွေ့ခဲ့တယ်…တစ်ယောက်က

သူ့ကိုနောက်နောက်ပြောင်ပြောင်နဲ့ ချစ်လို့စတယ်ပဲ ဆိုရမလား အစသန်တဲ့ လူငယ်လေး၊

နောက်တစ်ယောက်ကတော့ Mei Chaofeng မြင်မြင်ချင်း ကိုလူချောလို့ မသတ်မှတ်ဘဲ

မနေနိုင်လောက်တဲ့ တည်ငြိမ်ရင့်ကျက်တဲ့ သက်လတ်ပိုင်းအရွယ်ဆိုပေမယ့် အရွယ်တင်သူ…

သူတို့က ဘယ်သူဆိုတာ မပြောပြတော့ပါဘူး… တချို့တွေလည်း သိပြီးသားပါ

မသိသေးသူလည်း ဇာတ်လမ်းကြည့်ရင်သိမှာပါ..ဒါပေမယ့် ဒီယောက်ျားနှစ်ယောက်နဲ့

တွေ့ခဲ့တဲ့ အချိန်ကစပြီး သိုင်းလောကမှာ Mei Chaofengဆိုသူတစ်ယောက် ပေါ်ထွက်လာခဲ့တယ်…

သူ့ဘဝလေးလည်း အရင်ကနဲ့ မတူအောင် လုံးဝပြောင်းလဲသွားခဲ့တယ်…. ကျန်တာကတော့

ကိုယ်တိုင်သာဆက်လက်ကြည့်ရှုခံစားပါ

 

 

Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com