Swan Song (2021)

MM Sub





——————-
Imdb 7.1 Rotten Tomatoe 95%

သိပ်မကြာခင်မှ ထွက်ရှိထားတဲ့ ဒီရုပ်ရှင်ကားကတော့

အတော်လေး ကောင်းတဲ့ ဒရာမကားထဲ ပါဝင်ပါတယ်.

ဆုအနေနဲ့ ၃ဆုရရှိထားပြီး LGBTလူအိုကြီးတစ်ယောက်ရဲ့

ဘဝကို ဟာသလေးနည်းနည်းရောပြီး ရင်ထဲရောက်အောင်


ပို့နိုင်မယ့် ဇာတ်လမ်းတပုဒ်ဆို မမှားပါဘူး.ကျွန်တော်တို့တွေLGBTလူငယ်ကားအတော်များများကို ကြည့်ရှုခဲ့ကြပြီးပါပြီ.

ဒီဇာတ်လမ်းကတော့ အဖိုးအရွယ် LGBTတဦးရဲ့ဘဝကို

ဟာသလေးနှောပြီး ကြည့်ရဦးမှာပါ….

ဇာတ်လမ်းအကျဉ်း

———————————




ဘိုးဘွားရိပ်သာမှာ တချိန်တုန်းက လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့

မိတ်ကပ်ပညာရှင် ပတ်ထရစ်က အခုချိန်မှာတော့

အရင်ပျော်စရာအချိန်တွေကို ပြန်လည်တမ်းတရုံသာ

တမ်းတနိုင်တော့တဲ့ လူအိုကြီးပတ်ထရစ်ဖြစ်နေပါပြီ.

တနေ့တော့ သူ့ရဲ့တမ်းတမှုတွေကို လက်တွေ့

တဖန်ပြန်ခံစားနိုင်မယ့် အခွင့်အရေးလေးတခု

သူရလာခဲ့ပါတယ်, အဲ့ဒါကတော့

သူ့အသိရှေ့နေက သတင်းတစ်ခုပြောဖို့

ရောက်လာခြင်းကနေ စတင်ပါတယ်.

အဲ့ဒီသတင်းကတော့

ပတ်ထရစ်ရဲ့အချစ်ဆုံးသူငယ်ချင်းလည်းဖြစ်

ဖောက်သည်လည်းဖြစ်ခဲ့တဲ့ အမျိုးသမီးဟာ

ဆုံးပါးသွားပြီလို့ပြောပါတယ်။

သူ့သေတမ်းစာမှာ သူ့မသာမိတ်ကပ်ကို

ပတ်ထရစ်ကိုပဲ ပြင်ခိုင်းရမယ်လို့ရေးခဲ့ပါတယ်။

အဲ့ဒါကြောင့်ပတ်ထရစ်ဟာ လက်စွမ်းပြနိုင်ဖို့

သူငယ်ချင်းရှိရာမြို့ဆီ ရောက်အောင်သွားရင်း

ဆုံးရှုံးမှုတွေ အခက်အခဲတွေကြုံရတာကို

ဟာသလေးနှောပြီး ကြည့်ရှုရမှာပါ….

ပတ်ထရစ်ရဲ့ဘဝကို ဟာသလေးနှောရင်း

လေးလေးနက်နက်ခံစားရမယ့် ဇာတ်ကားမျိုးလည်းဖြစ်လို့

ကြည့်နေကျမဟုတ်ပဲ ကွဲပြားတဲ့ဇာတ်ကားမျိုးရှာနေရင်၊

လေးနက်တဲ့ရသပေးတဲ့ကားမျိုး ကြည့်ချင်နေရင်

ဒီကားကိုလက်မလွှတ်လိုက်ဖို့ ပြောချင်ပါတယ်။



Link1        720p        Download   Watch Now
Tags