Pandora(2016)

MM Sub

 


 

Pandoraရုပ်ရှင်ဇာတ်ကားဟာ ၂၀၁၆ခုနှစ်မှာ ပြသခဲ့တဲ့ သဘာဝဘေးအန္တရာယ်အကြောင်းရိုက်ကူးပြသထားတဲ့

ရုပ်ရှင်ပဲဖြစ်ပါတယ် ၂၀၁၇ခုနှစ်မှာ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားအဖြစ်

ဆန်ကာတင်စာရင်းဝင်ခဲ့ပြီး ဝင်ငွေများစွာ ရရှိထားခဲ့ပါတယ်
ဂျယ်ဟော့ (Kim Nam-Gil)ဟာ မိခင်(Kim Young-Ae)နှင့် မရီး (Moon Jeong-Hee),

တူဖြစ်သူ မင်ဂျယ် (Bae Gang-Yoo)တို့နှင့်အတူ မြို့သေးသေးမှာ အတူတူ နေထိုင်ကြပါတယ်…

 


 

သူတို့မြို့မှာ ရှိတဲ့ နျူးကလီးယားဓာတ်အားပေးစက်ရုံမှာ အလုပ်လုပ်ပြီး ယောင်းဂျူ (Kim Joo-Hyun)နဲ့ တွဲနေကြပါတယ်..
နျူးကလီးယားဓာတ်အားပေးစက်ရုံရဲ့ ဌာနမှူး (Jung Jin-Young) ဟာ
လက်ရှိ စက်ရုံအခြေအနေကို စိတ်ပူပြီး အထက်ကို တင်ပြပေမယ့် ဘယ်သူကမှ

အရေးတယူ မလုပ်ခဲ့ပါဘူး ဒီလိုနဲ့ တစ်နေ့မှာ ပြင်းအား အတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်ခဲ့ပါတယ်…

ငလျင်ဒဏ်ကြောင့် စက်ရုံမှာ ‌‌ပေါက်ကွဲမှုအနည်းငယ်ဖြစ်ခဲ့ပြီး မြိုအနီးတစ်ဝိုက်မှာ

ရေဒီယိုသတ္တိကြွဓာတ်ရောင်ခြည်တွေ ပျံ့လွင့်သွားခဲ့ပါတယ် နျူးကလီးယားစက်ရုံပေါက်ကွဲတယ်ဆိုတဲ့

သတင်းက တစ်နိုင်ငံလုံးကို ပျံ့သွားပြီး အခြေအနေတွေက ထိန်းချုပ်မရဖြစ်သွားခဲ့ပါတယ်…

စက်ရုံအတွင်းပိုင်းမှာလည်း ဓာတ်ငွေ့ယိုစိမ့်မှုတွေ ဖြစ်ပြီး နောက်ထပ်ပေါက်ကွဲမှုဖြစ်ခဲ့ရင်

အခြေအနေတွေ ဆိုးဝါးသွားနိုင်တာကြောင့် စက်ရုံက ဌာနမှူးနဲ့ ဂျယ်ဟော့တို့အဖွဲ့

နျူးကလီးယားဓာတ်အားပေးစက်ရုံထဲ ‌နောက်တစ်ကြိမ်ပြန်ဝင်ပြီး ပေါက်ကွဲမှု

ထပ်မဖြစ်အောင် ဘယ်လိုတွေ ကာကွယ်ကြမလဲဆိုတာကို စိတ်ဝင်စားဖွယ် ရိုက်ကူးပြသထားတာပဲ ဖြစ်ပါတယ်…

ကြည့်ရတကယ်တန်တဲ့ကားမို့ လက်မလွှတ်သင့်ပါကြောင်း….

Download / Watch Now