Most Dangerous Game (2021)

MM Sub


IMDb Rating (7.1)




ဒီစီးရီးက ၂၀၂၀ ခုနှစ်က ထွက်လွှင့်ခဲ့ပြီး အပိုင်း (၁၅) ပိုင်းပါပေမယ့် ၇ မိနစ်စာ Action အတိုလေးတွေမို့




၂၀၂၁ ခုနှစ်မှာ အကုန်လုံးပေါင်းပြီးတစ်ကားထဲအနေနဲ့ ထွက်ရှိလာတာပါ။




၁၉၂၄ ခုနှစ်က ထွက်ရှိထားတဲ့ Richard Connell ရဲ့ The Most Dangerous Game




Short Story လေးတွေကို အခြေခံလို့ ပြန်လည်ရိုက်ကူးထားတာပါ။




မင်းသားကတော့ Thor မင်းသားရဲ့ ညီတော်မောင် Liam Hemsworth ဖြစ်ပါတယ်။





ဇာတ်လမ်းကတော့…




ငွေကြေးအခက်အခဲတွေ၊ မိသားစုအခက်အခဲတွေအပြင် မကြာခင်မှာ မီးဖွားတော့မယ့် မိန်းမအတွက် ငွေအရေးတကြီး လိုအပ်နေတာကြောင့်




ဇာတ်လိုက် ဒေါ့ဂျ်တစ်ယောက် ကြံရာမရဖြစ်နေတဲ့ချိန်မှာ အခွင့်အရေးကြီးကြီးမားမားတစ်ခုနဲ့ချိတ်မိပါတယ်။




ဒါကတော့ ၄၅ မိနစ်တိုင်းမှာ ဒေါ်လာ ၅၀၀၀၀ ဝင်မယ့် ဂိမ်းကစားနည်းတစ်ခုပါ။




ဂိမ်းကစားနည်းက ရှင်းပါတယ်။ မြို့ထဲပတ်ပြေး အမဲလိုက်သမားတွေက လိုက်သတ်မယ့် Hunting Game တစ်မျိုးပါ။




၄၅မိနစ်တိုင်း အသက်ရှင်နေတာနဲ့တင် ပိုက်ဆံရနေပြီ…




အဲဒီမှာ ခေါင်းပူသွေးပူဖြစ်နေတဲ့ ဒေ့ါဂျ်တစ်ယောက် ဂိမ်းကို ဘယ်လိုကစားမလဲ နိုင်ပါ့မလား?




မိသားစု ပြဿနာတွေကော ပြေလည်သွားရဲ့လားဆိုတာ…။




လိုက်တမ်းပြေးတမ်း အပစ်အခတ်ကြမ်းကြမ်းနဲ့မို့ အခုလို မိုးအေးအေးလေးမှာ




ကော်ဖီခွက်လေးနဲ့ ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုဖို့ အကြံပေးပါရစေ….။


Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com
Tags