Maestro (2021)

MM Sub

 


အားလုံးသိကြတဲ့အတိုင်း ၂၀၁၈ တုန်းကဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ အရွတ်ရှ်မန်းရဲ့ Andhadhun ကိုပြန်လည်ဖန်တီးထားတဲ့
Telugu ရုပ်ရှင်ဖြစ်ပါတယ်။ဒီနေ့ပဲထွက်ရှိလာတာပါ။

ဇာတ်လမ်းအကျဉ်းကတော့ မျက်မမြင်ယောင်ဆောင်ထားတဲ့ စန္ဒရားဆရာတစ်ယောက်



 

လူသတ်မှုတစ်ခုကို မျက်မြင်သက်သေဖြစ်သွားတဲ့နောက်ကနေ မီးခိုးကြွက်လျှောက်ပြဿနာတွေကြုံရတဲ့အကြောင်းပါပဲ။
သေတဲ့သူက နာမည်ကျော်မင်းသားဟောင်းကြီး မိုဟန်ဖြစ်ပြီး၊ သတ်တဲ့လူက သူ့ဇနီးရဲ့တိတ်တခိုးချစ်သူ ရဲအရာရှိ ဘော်ဘီပါ၊
သူ့ဇနီးဖြစ်သူ ဆီမရန်ကတော့ကြံရာပါအလောင်းဖျောက်တဲ့သူပါ။
သူကတော့ မျက်မမြင်ယောင်ဆောင်ထားတဲ့အတွက် ဒီအမှုဖြစ်စဉ်တစ်ခုလုံးကိုမမြင်ချင်ယောင်ဆောင်ထားရက်နဲ့မြင်နေခဲ့ရာကနေ
အငြိမ်မနေနိုင်တဲ့အဆုံး ရဲစခန်းကိုတိုင်ချက်ဖွင့်ဖို့ သွားခဲ့ပါတယ်။ အဲ့ဒီမှာကျားရှေ့မှောက်ရက်လဲသလို အဓိကလူသတ်တရားခံဖြစ်တဲ့
ဘော်ဘီနဲ့မှ ဆိုက်ဆိုက်မြိုက်မြိုက်တိုးမိရာကနေ နောက်ဆုတ်ဖို့ခက်တဲ့အခြေအနေတွေထိ ဆိုက်ရောက်သွားပါတော့တယ်။

တဘူးကြီးရဲ့ ဆီမရန်း ဇာတ်ကောင်ကို Bahubali, K.G.F တို့နဲ့ပရိသတ်ရင်းနှီးပြီးသား မင်းသမီးချောလေး Tamannaah ကအစွမ်းကုန်ကြဲထားပါတယ်။
အဓိကဇာတ်ကောင် အာရွန်းရဲ့နေရာမှာတော့နာမည်ကျော် Telegu မင်းသား Nithiin ပါဝင်ထားပြီး တစ်ခြားဇာတ်ကောင်တွေကလဲ
ပရိသတ်နဲ့ မစိမ်းတဲ့သူတွေချည်းပါပဲ။

မူရင်းဇာတ်ကားကိုကြည့်ပြီးတဲ့သူတွေအတွက်တောင် မူရင်းထက်မလျော့တဲ့ ရသကိုပေးနိုင်မှာ သေချာတဲ့ remake ဖြစ်ပါတယ်။
Andhadhun remake တွေမှာအစောဆုံးထွက်လာတဲ့ version ဖြစ်ပြီး နောက်ထပ် Tamil remake, malayalam remake အစရှိတာတွေ
ဆက်ထွက်လာဦးမှာပါ။

Rating တွေလဲမိုက်တာမို့ လက်လွတ်လို့မဖြစ်ဘူးဆိုတာ ရိပ်မိမှာပါ။

Download / Watch Now

Link1        720p        Download   Watch Now