Kasada Tabara (2021)

MM Sub

 



ပရိသတ်တွေကို တင်ဆက်ပေးမဲ့ဇာတ်ကားကတော့ Kasada Tharapa လို့ အမည်ရတဲ့ အိန္ဒိယ ရုပ်ရှင်ကားကောင်းလေးပဲ ဖြစ်ပါတယ်ဒီကားလေးကတော့ အများနဲ့မတူ တစ်မူ ထူးခြားပါတယ် ဇာတ်ကားနာမည်ဖြစ်တဲ့ “Kasada Thapara”ဆိုတဲ့ စကားလုံးလေးကအစ ထူးခြားနေတာမျိုးပေါ့…..တမီးလ် ဘာသာအရဆိုရင် Kasada Tharapa ဆိုတာက “အက္ခရာတွေရဲ့ပုံပြင်”လို့ အဓိပ္ပာယ်ရပါတယ် ဒီမှာ ထင်မိမှာပေါ့အက္ခရာတွေက ဘာများ ထူးခြားနေလို့လဲ….. အဲ့ဒီမေးခွန်းအတွက် အဖြေလာပါပြီ



Crossword ဆိုတဲ့ ပဟေဠိကို လူတိုင်းဆော့ကြဖူးမယ်ထင်ပါတယ် ပေးထားတဲ့ အဓိပ္ပာယ်နဲ့စာလုံးလေးတွေအတန်းလိုက်ဖြည့်ရတယ် ပြီးရင် ဖြည့်ထားတဲ့ အကွက်လေးထဲကအက္ခရာတစ်လုံးချင်းဆီ ပေါင်းပြီး စာလုံးအသစ်လေးတွေ ရလာတယ် မဟုတ်လားဒီရုပ်ရှင်လေးမှာလည်း ဒီလိုပါပဲ လူခြောက်ယောက်ရဲ့ အဖြစ်အပျက် ကိုယ်စီကို သရုပ်ဖော်ထားမယ် အဲ့ဒီလူခြောက်ယောက်ရဲ့အဖြစ်အပျက်တွေ ဆက်စပ်ဖော်ထုတ်ရင်း နောက်ဆုံး အဖြေကို ရအောင် ရှာဖွေရမှာပဲ ဖြစ်ပါတယ်ဒါပေမဲ့ ဒီလိုရှာဖွေဖို့ကလည်း အခက်အခဲအများကြီးကို ဖြတ်ကျော်ရဦးမှာပါ ဘာလို့လဲဆိုတော့လူအမျိုးမျိုး စိတ်အထွေထွေဆိုတဲ့အတိုင်း တစ်ဦးနဲ့တစ်ဦး ထင်မြင်ကြတဲ့ ရှုထောင့်တွေဟာလည်း တူကြမှာ မဟုတ်ပါဘူး“6” နဲ့ “9” တောင် ကိုယ်ရပ်နေတဲ့ နေရာပေါ် မူတည်ပြီး အမြင်ချင်းကွဲပြားကြတာပဲ မဟုတ်လား ဒီလို ကွဲပြားနေတဲ့ အမြင်တွေကို ပေါင်းစပ်ပြီးတစ်မူထူးခြားတဲ့ပုံစံနဲ့ လူခြောက်ယောက် ဆက်စပ်နေတဲ့ အမှုကို ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာ စိတ်ဝင်တစားစောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်IMDb rating အနေနဲ့ 7.9/10 ရရှိထားတာမလို့ အားလုံးအတွက် ကြည့်ရကျိုးနပ်စေမဲ့ ကားကောင်းလေးပဲ ဖြစ်ပါတယ်



Link1        720p        Download   Watch Now