Girl in the Basement (2021)

MM Sub



ပရိသတ်ကြီးရေ စိတ်ထဲ ကလိကလိနဲ့ မခံသာစရာကောင်းတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။

မပြေလည်တာတွေကို ခဏ ခေါက်ထားပြီး တွေးမယ်ဆို ယေဘုယျအားဖြင့် မိဘဆိုတာ သားသမီးတို့ရဲ့ ကွန်းခိုရာလို့

ကျွန်တော်တို့တွေ လက်ခံထားကြပါတယ်။





မိဘ အရိပ်သည်သာ အအေးချမ်းဆုံး
မိဘ မေတ္တာသည်သာ အနွေးထွေးဆုံး
မိဘ ရင်ခွင်သည်သာ အလုံခြုံဆုံး

အဲသည်လိုလေးတွေ ဖော်ပြ ယူဆကြသဗျ။

ဒါပေမဲ့ ဒီဇာတ်လမ်းမှာတော့ အထက်ကပြောခဲ့တာတွေဟာ ဟုတ်မနေခဲ့ပါဘူး၊ ဒုက္ခတွေရဲ့ မြစ်ဖျားခံရာက ကိုယ် ယုံကြည်ထားတဲ့

မိဘဖြစ်နေမယ်ဆိုရင်ရော . . .  ခင်ဗျားတို့ စိတ်ကူးယဉ်ကြည့်ဗျာ . ကိုယ့်ရဲ့ အဖေအရင်းဖြစ်သူက ကိုယ့်ကို မြေအောက်ခန်းထဲမှာ

ပိတ်ထားပြီး sexual abuse လုပ်တယ်ဆိုပါစို့။ အထူးသဖြင့် မိန်းကလေးတစ်ယောက်အတွက် ဒီလို အဖြစ်ဟာ တွေးကြည့်ရုံနဲ့တင်

ရင်နာစရာကောင်းနေပါပြီ။ ဒီကားထဲက ကောင်မလေးလည်း ဒီအဖြစ်နဲ့ တကယ်လက်တွေ့ကြုံရပြီး ဘ၀နာခဲ့ရပါတယ်။ မြေအောက်

ခန်းထဲမှာ  နှစ်ပေါင်းများစွာ ကူညီရာမဲ့ပြီး အဖေအရင်းဖြစ်သူ ပြုသမျှ ခံရင်း ဒီ ဒုက္ခက လွတ်မြောက်မယ့် အချိန်ကို စောင့်နေခဲ့ရရှာတယ်။

ဒီဇာတ်လမ်းဟာ Elizabeth Fritzl ဆိုတဲ့ ဩစီမလေး တစ်ယောက်ရဲ့ အဖြစ်ကို အခြေခံရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းပါ။

ဒီတော့ ဖြစ်ရပ်မှန်ဆိုတဲ့ အတွေးကို ခေါင်းထဲထားပြီး ကာယကံရှင်ကို တစ်ချက်လောက် ကိုယ်ချင်းစာရင်း ကြည့်မယ်ဆို ဆွေ့ဆွေ့ခုန်

စေမယ့် ဇာတ်လမ်းတစ်ပုဒ်ပါပဲ . အားလုံးပဲကြည့်ရှူနိုင်ဖို့တင်ဆက်ပေးလိုက်ပါတယ်။

 






 

Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com