Dark Places

MM Sub

 

 


လျှို့ဝှက်ဆန်းကျယ်မှုခင်း ရုပ်ရှင်သဘောကျတတ်တဲ့ ပရိတ်သတ်တွေအတွက် နာမည်ကြီး Gone Girl (2014) ရဲ့

စာရေးဆရာ Gillian Flynn ရဲ့ ရောင်းအားကောင်းတဲ့ ဝတ္ထုကို ရုပ်ရှင်ပြန်ရိုက်ထားတဲ့ Dark Places (2015) ဆိုတဲ့

ကားလေးကို မိတ်ဆက်ပေးချင်ပါတယ်။

ဇာတ်လမ်းကတော့ လစ်ဘီဆိုတဲ့ ၈ နှစ်အရွယ်ကောင်မလေးဟာ သူ့မိသားစုသတ်ဖြတ်ခံရရာမှာ မသေဘဲလွတ်မြောက်ခဲ့

ပါတယ်။ ကလေးမလေးရဲ့ ပြန်လည်ပြောပြချက်အရ လူသတ်မှုကို ကျူးလွန်သူမှာ သူမရဲ့အစ်ကို ဘန် ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။

 


 

အဲလိုနဲ့ဘန်ဟာ ထောင်ကျသွားပြီး လစ်ဘီကတော့ နာမည်ကြီးလူသတ်မှုမှာ အသက်ရှင်ကျန်ခဲ့တဲ့ ကောင်မလေးအဖြစ် နာမည်

ကြီးသွားပါတယ်။ ဒါပေမယ့် ဇာတ်လမ်းက မပြီးသေးပါဘူး။ နောက်နှစ် ၃၀ ကြာတဲ့အခါ လစ်ဘီဟာ အဲဒီအမှုကို ပြန်စုံစမ်းဖော်

ထုတ်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။

ဒီတစ်ခါရော သူကလေးဘဝက ထင်ခဲ့သလိုပဲ သူ့အစ်ကို ဘန် က အပြစ်ရှိတဲ့လူဖြစ်တယ်လို့ ရှာတွေ့မှာလား? ဒါမှမဟုတ် နှစ် ၃၀

လောက် အပြစ်မရှိတဲ့လူတစ်ယောက်ကို ထောင်ကျအောင် သူလုပ်ခဲ့တာလား?

ဒီကားထဲက cast တွေကတော့ တကယ်ကို နာမည်ကြီးတွေချည်းပဲ ဖြစ်တဲ့အပြင် ဇာတ်ညွှန်းလည်းကောင်းတာကြောင့် မှုခင်းရုပ်ရှင်ပရိတ်သတ်တွေ ကြည့်သင့်တဲ့ ကားကောင်းတစ်ကားလို့ ပြောပါရစေ။

Download / Watch Now