Cry Macho(2021)

MM Sub

 

 


Macho ဆိုတာ စပိန်လို သန်မာတယ် ဆိုတဲ့ အဓိပ္ပါယ်ပါ

မိုက်ကယ် ဟာ ဟိုးအရင်တုန်းက တက္ကဆက်က မြင်းပြိုင်ပွဲတွေမှာ ငါးနှစ်ဆက်တိုက် အနိုင်ရရှိခဲ့တဲ့ ချန်ပီယံ တစ်ယောက်ပါ

တစ်နေ့မှာတော့ သူ့မိန်းမနဲ့ သားဟာ ကားအက်စီးဒန့် ဖြစ်ပြီး ဆုံးသွားပါတယ်


 

အဲဒီနောက်ပိုင်းမှာတော့ သူဘဝဟာ ဦးတည်ရာမရှိတဲ့ ​လှေတစ်စင်းလိုပဲ ပျက်စီးလာပြီး အရက်သောက်လိုက် ရမ်းကားလိုက်နဲ့ လမ်းပျောက်နေခဲ့ပါတယ်

အဲဒါနဲ့ သူ့ရဲ့အရင်ကသူဌေးဖြစ်တဲ့ ဟောင်းဝဒ် က သူ့ကို နေစရာ စားစရာရယ် အလုပ်ရယ်ပေးပြီးသူ့ဘဝကို ကယ်ဆယ်ပေးခဲ့ပါတယ်

အဲ့လိုလုပ်ပေးခဲ့တာတွေကြောင့် မိုက်ကယ့်မှာ ဟောင်းဝဒ် ကျေးဇူးကြွေးတွေ တင်နေပါတော့တယ်

တစ်နေ့ကျတော့ မက္ကဆီကိုမှာနေတဲ့ သူ့ရဲ့သားကို ပြန်ခေါ်ချင်တဲ့ ဟောင်းဝဒ်ဟာ မိုက်ကယ့်အိမ်ကို ရောက်လာပြီး အကူအညီလာတောင်းပါတော့တယ်

သူများရဲ့ ကျေးဇူးကြွေးတွေကို ပြန်ဆပ်ပြီး ဘဝကိုအေးအေးဆေးဆေး နေချင်နေတဲ့ မိုက်ကယ်ဟာလည်း ဟောင်းဝဒ်ရဲ့တောင်းဆိုမှု ကို လက်ခံပြီး မက္ကဆီကိုက သားဖြစ်သူကို သွားခေါ်ပေးဖို့ လုပ်ပါတော့တယ်

မိုက်ကယ်တစ်ယောက် သူဌေးရဲ့ သားဖြစ်သူကို လွယ်လွယ်ကူကူနဲ့ရော ခေါ်ခဲ့နိုင်ပါ့မလား

ဘာအန္တရာယ် အတားအဆီးတွေ ရှိနေမလဲ ဆိုတာ ကြည့်ရှုရမှာပါ

အခု ရေးထားတဲ့ အညွှန်းထဲကအတိုင်းဆိုရင် Action ကား တစ်ခုလို့ ထင်ရပေမယ့် တကယ့် ဇာတ်လမ်းကတော့ လုံးဝကို ကွဲပြားနေမှာ ဖြစ်ပါတယ် ဘယ်လိုတွေ ကွဲပြားနေလဲ ဆိုတာကိုတော့ ကော်ဖီတစ်ခွက်လောက်သောက်ရင်းနဲ့ ကြည့်စေချင်မိပါတယ် တကယ်ကိုလှပတဲ့ ဟင်းလင်းပြင် ကန္တာရအလှနဲ့ western cowboy vibe အပြည့်ကို ခံစားချင်ရင်တော့ တကယ်သင့်တော်တဲ့ ဇာတ်ကား တစ်ခုပါလို့ ညွှန်းလိုက်ပါရစေဗျာ

Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com