Catch Me If You Can (2002)

MM Sub





IMDb Rating (8.1) / Rotten Tomatoes (96%)

ဒါရိုက်တာက နာမည်ကြီး Steven Spielberg ဖြစ်ပြီး မင်းသားတွေကတော့

မင်းသားကြီး Tom Hanks ရယ်…မင်းသားချော Leonardo တို့ရယ် ဖြစ်ပါတယ်…။

ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်သလို အော်စကာဆုတွေလဲရရှိထားတဲ့ဇာတ်ကားပါ။

မင်းသားနှစ်ယောက်ဖြစ်တဲ့ Leonardo နဲ့ Tom Hanks တို့နှစ်ဦးရဲ့ သရုပ်ဆောင်ချက်ကလည်း ကောင်းသလို




သူတို့နှစ်ဦးကြားက ဆက်ဆံရေး၊ ဇာတ်လမ်း တည်းဖြတ်ထားပုံကလည်

ဇာတ်ကားကို ထူးခြားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်စေပါတယ်။




ဇာတ်ရှိန် အတက်အကျ မှန်ပြီး၊ ပါသင့်တဲ့အချက်အလက် အားလုံးစုံအောင် ထည့်သွင်းရိုက်ကူးထားနိုင်ပါတယ်။

ဉာဏ်ကောင်းရဲ့သားနဲ့ လမ်းမှားရောက်နေတဲ့ လူငယ်လေးကို တာဝန်အရဖမ်းတာတင်မဟုတ်ပဲ

လမ်းမှန်ရောက်လာအောင် ပြုပြင်ပေးရုံသာမက နိုင်ငံအတွက်ပါ အကျိုးရှိအောင် အသုံးချနိုင်ခဲ့တဲ့

Carl Hanratty အဖြစ် Tom Hanks က ပီပြင်စွာသရုပ်ဆောင်ထားပါတယ်။

အထူးသဖြင့် ပြင်သစ်ရဲတွေ Frank ကို ဖမ်းသွားတော့ မရမက ပြန်ခေါ်ထုတ်ပြီး

အမေရိကားကို ပြန်ခေါ်လာနိုင်ဖို့ ကြိုးစားခဲ့ပုံတွေက လူလူချင်းတန်ဖိုးထားတတ်တဲ့ အလေ့အထတွေကိုခံစားမိစေပါတယ်။

ကြည့်မိသူတိုင်းကြိုက်ကြတာမို့ လက်လွတ်မခံစေချင်ပါဘူး။