Vacation Friends (2021)

MM Sub

 


 

တစ်ခါတုန်းက ဆော့ခရိတ္တိအိမ်ကို လူတစ်ယောက်ရောက်လာခဲ့တယ်
တွေးခေါ်ပညာရှင်ကြီး ဆော့ခရိတ္တိက လူသာနာမည်ကြီးတာ အိမ်က‌တော့ ကျဉ်းကျဉ်းသေးသေးလေး။

အဲ့ဒီတော့ ရောက်လာတဲ့သူက ပြောတယ်။

“တွေးခေါ်ပညာရှင်ကြီးလုပ်နေပြီး ခင်ဗျားအိမ်ကျကျဉ်းလှချေလားဗျာ”တဲ့။

ဆော့ခရိတ္တိကတော့ “ကျုပ်အိမ်ကကျဉ်းပေမဲ့ မိတ်ကောင်းဆွေကောင်းတွေလာရင်တော့ နေဖို့လောက်ပါတယ်”လို့ဖြေလိုက်တယ်။

မိတ်ကောင်းဆွေကောင်းဆိုတာ လောကမှာ တကယ့်ကိုရှားတယ်ဆိုတဲ့ သဘောပေါ့။

အဲ့ဒီလိုရှားတဲ့ ထဲမှာမှ အရစ္စတိုတယ်က ပြောထားသေးတယ်။

အားလုံးရဲ့ မိတ်ဆွေဟာ ဘယ်သူ့ရဲ့ မိတ်ဆွေမှမဟုတ်ဘူးတဲ့။

ဆိုတော့ကာ မိတ်ဆွေကောင်းလည်းဖြစ် ကိုယ့်ကိုအခင်ဆုံး ဖြစ်နေမယ့် မိတ်ဆွေလည်း ဖြစ်မယ့်သူဆိုတာ တော်တော့်ကိုရှားပါတယ်။

ရလိုက်ရင်တော့ ခင်ဗျား ကံကောင်းပြီပေါ့။

 ဒီရုပ်ရှင်ဟာ အဲ့ဒီလို မိတ်ကောင်းဆွေကောင်း တစ်ယောက်ကိုရလိုက်တဲ့ ကံကောင်းခဲ့တဲ့ သူတစ်ယောက်အကြောင်းပါပဲ။


 


ဟာသကားပေမဲ့ သူရဲ့ Main Concept ဖြစ်တဲ့ မိတ်ဆွေကောင်း တစ်ယောက်ရလိုက်ခြင်း အကြောင်းဟာ အားကျစရာ ကြည်နူးစရာကောင်းနေတော့ တော်တော်လေးကောင်းတဲ့ ရုပ်ရှင်လို့ဆိုရမှာပါပဲ။

R Rateဟာသတွေထည့်ထားတဲ့ကားဆိုတော့ ဆဲတာဆိုတာ နည်းနည်းတော့ပါပါတယ်။
ဂျွန်ဆီနာကို ဗီလိန်အနေနဲ့ ဒီတစ်နှစ်ထဲ နှစ်ကားမြင်ခဲ့ပြီးပြီဆိုတော့ ဒီရုပ်ရှင်ထဲက မိတ်ဆွေကောင်းပီသတဲ့ ဂျွန်ဆီနာရဲ့ ချစ်စရာကောင်းတဲ့ ဇာတ်ရုပ်ဟာ အတော်တော့ အသစ်အဆန်းဖြစ်ပါတယ်။

သူနဲ့လည်း အတော်လေးလိုက်ပါတယ်။

တစ်ကားလုံး သူငယ်ချင်း၂ယောက်လုပ်နေတဲ့ သောက်တလွဲတွေကလည်း ဆေးချတာကအစ သင်္ဘောမှောက်တာအဆုံး စုံလို့ပါပဲ။

ဗရုတ်သုတ်ခပေါင်းစုံကို ပျော်ပျော်ကြီး ကြည့်ရမယ့် ရုပ်ရှင်ပါပဲ။

ရယ်ရပြုံးရမယ့်အပြင် ကြည်ပါကြည်နူးရမယ့် ရုပ်ရှင်တစ်ကားကိုရှာနေတယ်ဆိုရင်တော့ ဒီရုပ်ရှင်က ခင်ဗျားအတွက်ပါပဲ။