The Girl Who Got Away (2021)

MM Sub



The Girl Who Got Away(2021)

=======================

အခု တစ်ခေါက်မှာတော့ ပူပူနွေးနွေးလေး ထွက်ရှိထားပြီး Horror ပရိတ်သတ်တွေအတွက် အကြိုက်တွေ့စေမဲ့ အမေရိကန် Horror movie လေးကို မိတ်ဆက်ပေးပါရစေ

“The Girl Who Got Away” ဆိုတဲ့ movie name လေးအတိုင်းပဲ
ပြန်ပေးဆွဲမှုကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ ကောင်မလေးအကြောင်းကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်

ဘယ်လို ပြန်ပေးဆွဲခံရတာလဲဆိုတဲ့အကြောင်း သိဖို့ဆိုရင် 1998 ခုနှစ်ကို ပြန်သွားကြည့်ရမှာပေါ့




1998 ခုနစ် မက်စီနာမြို့မှာ စိတ္တဇအမျိုးသမီးတစ်ဦးက မိန်းကလေး ၅ ယောက်ကို ပြန်ပေးဆွဲ သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပါတယ် ဒါပေမဲ့ အဲ့ဒီငါးယောက်ထဲကနေ ကံကောင်းထောက်မစွာနဲ့ လွတ်မြောက်လာသူ တစ်ဦးပဲ ရှိခဲ့ပါတယ် သူကတော့ ခရစ္စတီးနားလို့ အမည်ရတဲ့ ကောင်မလေးပါခရစ္စတီးနားဟာ အချိန်တွေကြာလာတာနဲ့အမျှ သူ့ရဲ့အိပ်မက်ဆိုးတွေကနေ ရုန်းထွက်နိုင်ခဲ့ပြီး ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းနေထိုင်ရင်း လီဆာဆိုတဲ့ ကလေးမလေးတစ်ဦးကို မွေးစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်

ဒါပေမဲ့လည်း ကံတရားက ခရစ္စတီးနားအပေါ် မျက်နှာသာ မပေးခဲ့ပြန်ပါဘူး



ငယ်စဉ်က ခရစ္စတီးနားတို့ကို ပြန်ပေးဆွဲခဲ့တဲ့ စိတ္တဇ လူသတ်သမားဟာ အကျဉ်းထောင်ရွေ့ပြောင်းချိန်မှာ လွတ်မြောက်သွားပြီး ခရစ္စတီးနားကို ပြန်လာရှာဖို့ အကြောင်းဖန်လာခဲ့တဲ့အခါ…..

ငယ်စဉ်အခါက ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ ခရစ္စတီးနားတစ်ယောက် ဒီတစ်ခါမှာရော လွတ်မြောက်နိုင်ပါဦးမလား??

လီဆာနဲ့အတူ ရှေ့ဆက်လျှောက်မဲ့ ဘဝခရီးမှာ ပျော်ရွှင်နိုင်ပါဦးမလားဆိုတာ ရင်တဒိတ်ဒိတ်နဲ့ ကြည့်ရှူရမှာ ဖြစ်ပါတယ်

Horror Movie ဖြစ်တဲ့အလျောက် သွေးထွက်သံယိုများ ပါဝင်တာဖြစ်တဲ့အတွက် ကလေးသူငယ်များနှင့်အတူ ကြည့်ရှူရန် မသင့်တော်ပါ!!!

Download  /  Watch Now

Link1        1080p        Download  /  Watch Now