Sweet & Sour (2021)

MM Sub

 


 အချစ်ဆိုတာ ချိုတစ်လှည့် ချဉ်တစ်လှည့် ဖြစ်တတ်တဲ့ အခါတွေ ရှိတတ်ပါတယ်။

အနေဝေးတဲ့အချစ် (Long Distance Relationship) တွေမှာ ဒါတွေက ပိုများပါတယ်။

အနေဝေးရင် သွေးအေးမယ် …..

အနေနီးတဲ့လူနဲ့ နီးစပ်သွားတတ်တယ် ဆိုတာမျိုးကို LDRS တွေ အသိဆုံးပေါ့။

ခပ်ဝဝကောင်လေးတစ်ယောက် နဲ့ သူနာပြုဆရာမလေးတို့ရဲ့အချစ်ဟာ ထူးဆန်းစွာ ပေါ်ပေါက်လာခဲ့ပါတယ်။

အချစ်ကြောင့် ခပ်ဝဝ ကောင်လေးက အရာရာ ပြောင်းလဲနိုင်ခဲ့ပြီးနောက် …..
အနေဝေးဖို့ အကြောင်းဖန်လာတဲ့အခါ တစ်နယ်ခြားကို အလုပ်သွားလုပ်ဖို့ ဖြစ်လာပါတယ်။

တစ်နယ်ခြားမှာ မယ်တစ်ပါးနဲ့ ဆုံလာပြန်လေတော့ ……

ကဲ …… ဇာတ်လမ်းအစကို ကြည့်ရင် ဒီလောက် သိရမယ်ဗျာ။

ကြည့်ရင်းကြည့်ရင်းနဲ့ ဇာတ်ရဲ့ သုံးပုံတစ်ပုံရောက်လာရင်တော့ …..

အော် ….. ဒီလိုပါလား ဆိုပြီး ဖြစ်သွားစရာ ဇာတ်ရဲ့အလှည့်အပြောင်းတွေကို မြင်ရမယ်ဆိုရင်

ဒီကား ကြည့်ဖို့ တန်မတန် ခင်ဗျား ခန့်မှန်းမိမှာပါ။

အချစ်နဲ့ ပတ်သက်တဲ့ အတွေးအမြင်လေးတွေလည်း ရကြမယ်လို့ မျှော်လင့်ပါတယ်။

 

 

ချိုချိုချဉ်ချဉ်အချစ်လေးကို အတူတူခံစားလိုက်ကြရအောင်လားဗျာ။

ခေါင်းဆောင်မင်းသားအနေနဲ့ My Roommate is Gumiho ထဲက Jang Ki-Yong ပါဝင်ထားတာမို့ အကြိုက်တွေ့ကြဦးမယ့်ကားတစ်ကားပါပဲ။

မင်းသမီးတွေကတော့ Choi Soo Bin နဲ့ Krystal တို့ပဲ ဖြစ်ပါတယ်

ဇာတ်လမ်းအညွှန်း နဲ့ ဘာသာပြန်ကတော့ August ပါ။