Miss & Mrs. Cops (2019)

MM Sub

 


 Weightlifting fairy ကားထဲက မင်းသမီးလေး ပါတဲ့ ကားသစ်လေးပါ

အလွန်တရာထူးချွန်တဲ့ စုံထောက်ပတ်ခ်မီယောင်းဟာ အိမ်ထောင်ကျ၊

ကလေးရပြီးနောက်မှာ သူမ ချစ်ခင်နှစ်သက်ရတဲ့

စုံထောက်အလုပ်ကိုစွန့်လွှတ်ခဲ့ရပြီး ပြည်သူ့တိုင်ကြားချက်များဌာနမှာပဲ

ပြောင်းရွှေ့တာဝန် ထမ်းဆောင်နေခဲ့ရပါတယ်

သူ့ယောင်းမဖြစ်သူ ချွဲဂျီဟေးကလည်း ရဲဖြစ်ဖို့မွေးဖွားလာတယ်ထင်ရတဲ့

ရဲမေတစ်ယောက်ပါပဲ

တစ်ရက်မှာတော့ ဂျီဟေးဟာ သံသယရှိသူတစ်ယောက်ကို

ဖမ်းဆီးရာမှာ အလွန်အကျွံအားသုံးတယ်ဆိုတဲ့ ပြစ်မှုနဲ့ အရေးယူခံရပြီး

မီယောင်းရှိရာ ဌာနကို ခေတ္တပြောင်းရွှေ့ခန့်ထားခံခဲ့ရပါတယ်

ပုံမှန်ဆိုမတည့်လေ့ရှိတဲ့ သမီးယောင်းမနှစ်ယောက်ဟာ

မတော်တဆ မှုခင်းတစ်ခုထဲပါဝင်မိပြီး သူတို့မထင်ထားလောက်တဲ့အထိ

ပြစ်မှုကကြီးမားနေတဲ့အခါမှာတော့..

 


 

သာမန်ချိန်းခြောက်အကြပ်ကိုင်မှုလို့သာ ယူဆထားခဲ့တဲ့ အမှုခင်းလေးတစ်ခုဟာ

ကွင်းဆက်ရာဇဝတ်မှုကြီးဖြစ်နေတဲ့အခါမှာတော့..

သမီးယောင်းမနှစ်ယောက်ဘယ်လိုဖော်ထုတ်ကြမလဲ

ဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲဆိုတာ

ဟာသနှောပြီးကြည့်ရမှာပဲဖြစ်ပါတယ်

ဝါရင့်သရုပ်ဆောင်တွေဆိုတော့ ကြည့်ရတာ အပိုအလိုမရှိ ကွက်တိပါပဲနော်