Dien Toi (2021)

MM Sub



ရှားရှားပါးပါး ဗီယက်နမ် သရဲကားလေးတစ်ကား အသစ်ထွက်လာတာမို့
သရဲကားကြိုက်သူများအတွက် ကားကောင်း လက်မလွတ်ရလေအောင် တင်ဆက်ပေးလိုက်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ …..

နာမည်ကြီးအောင်မြင်နေတဲ့ ဆယ်ကျော်သက်စာရေးဆရာမလေး “မန်ကျောက်” ဆီကို
ညစဥ်ညတိုင်း သရဲမလေးတစ်ယောက်က ကူညီပေးဖို့ အိပ်မက်ပေးတာကြောင့်
သူမမှာ စာရေးဖို့အတွက် အခက်အခဲတွေရှိနေပါတယ်။

 


 

တစ်ရက်မှာတော့ ဒါရိုက်တာပေါက်စ “ထိုက်” ဆိုတဲ့ကောင်လေးနဲ့
အကြောင်းကိစ္စ တစ်စုံတစ်ရာကြောင့် တွေ့ဆုံခဲ့ကြပါတယ်။

မန်ကျောက် ရဲ့ အိပ်မက်တွေထဲကို အကူအညီလာလာတောင်းနေတဲ့ သရဲမလေးက
သူ့အိမ်အနား​က စန္ဒယားသင်တန်းရဲ့အပေါ်ထပ်မှာရှိနေတယ်ဆိုတာ သိလိုက်ရတဲ့အခါမှာတော့…သဘာဝလွန်စွမ်းအားရှိပြီး အတိတ်ဆီကိုမြင်နိုင်တဲ့ မန်ကျောက်နဲ့
ပ​ရလောကကို မြင်နိုင်တဲ့ ထိုက် တို့နှစ်ယောက်သား
သရဲမလေးကို ကယ်တင်ပြီး ဖုံးကွယ်ထားတဲ့အမှန်တရားတစ်ခုကို
ဘယ်လိုတွေကြိုးစားကြမလဲဆိုတာကို ကြည့်ရှုရမယ့်
ဗီယက်နမ် Horror, Thriller ကားကောင်းလေးဖြစ်ပါတယ်။