Deep (2021)

MM Sub

 


 

မအိပ်ဘဲနဲ့ ပိုက်ဆံရမယ်ဆိုရင် ခင်ဗျားတို့ လုပ်မလား?

အိပ်တဲ့အချိန်မှာ မယ်လာတိုနင် ဆိုတဲ့ ဟော်မုန်း ထွက်ပါတယ်။

မအိပ်ဘဲ နေရင်တော့ ကြူရာတိုနင် ဆိုတဲ့ ဟော်မုန်း ထွက်လာပါတယ်။

ဒါကို မိုက်ခရိုချစ်ပ် တစ်မျိုးကို သုံးပြီး ထုတ်ယူမှာပဲ ဖြစ်ပါတယ်။

ဒါကို Deep Process လို့ ခေါ်ပြီး အဆင့် ၃ ဆင့် ပါဝင်ပါတယ်။

 ၁ ဆင့်တက်တိုင်း ပိုက်ဆံထပ်တိုး ပေးတာမို့ အတော်လေး မက်လောက်စရာပါပဲ။

ပိုက်ဆံရဖို့အတွက် လိုက်နာရမယ့် စည်းကမ်းချက်က တစ်ခုပဲ ရှ်ိပါတယ်။

“အိပ်ပျော်မသွားဖို့” ပါပဲ။

တစ်ခါအိပ်လိုက်မိရင် မနိုးသောအိပ်ခြင်း နဲ့ အိပ်စက်ရမှာပါ။

ဒါပေမယ့် ကြာရှည်မအိပ်ရတဲ့လူတွေမှာလည်း မအိပ်စက်ရခြင်းရဲ့ ဘေးထွက်ဆိုးကျိုးကို ခံရတာပါပဲ။

 


 

ဒါကို အစမ်းသပ်ခံလိုက်ရတဲ့ လူငယ် ၄ ယောက်အကြောင်းကို ဇာတ်လမ်းဖွဲ့ရိုက်ကူးထာတာမို့ အ

တော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။

အိပ်စက်ခြင်း နဲ့ မအိပ်စက်ရခြင်း လွန်ဆွဲမှုကြားမှာဒီ လူငယ် ၄ ယောက် ကျော်လွှားနိုင်ပါ့မလားဆိုတာကို ဆက်လက်ရှုစားရမှာပဲ ဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Lei Wutyi Tun ပဲ ဖြစ်ပါတယ်။