August Never Ends (2021)

MM Sub



ကျွန်မအတွက်တော့ အတောမသတ်တဲ့ ဩဂတ်စ်ပါပဲ မောင် ……’

ဩဂတ်စ် က ကျွန်မအတွက် ဘယ်တော့မှလည်း အဆုံးသတ်မှာ မဟုတ်ပါဘူး။

ဩဂတ်စ်မိုးတွေ ရွာတာ ကျွန်မမျက်ရည်ကို မှီနိုင်မတဲ့လား?????

မောင်ရယ် ….. သူရယ် ….. ကျွန်မရယ် ……




အစကတော့ သူနဲ့ကျွန်မပဲပေါ့ ….. မောင်။

သူက မောင်နဲ့ သက်ဆိုင်သူမှန်း ကျွန်မ မသိခဲ့တာ အမှန်ပါ။

ကျွန်မဘဝထဲ မောင် ဝင်မှန်းမသိ ဝင်လာတဲ့အချိန်မှာ ……
အချိန်အတော်နှောင်းသွားခဲ့ပြီ …….

ကျွန်မလည်း ငယ်ငယ်ကတည်းက ကျိုးပျက်နေတဲ့ မိသားစုထဲက မွေးဖွားလာခဲ့သလို
သူကလည်း ငယ်ငယ်ကတည်းက ကျိုးပျက်နေတဲ့ မိသားစုထဲက မွေးဖွားခဲ့ကြတာမို့

သူနဲ့ကျွန်မ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ခဲ့ကြတာပေါ့ မောင်ရယ် …..

အမေ့အတွက် ကျွန်မက တစ်ဦးတည်းသော မိသားစုဝင်ဖြစ်သလို
တစ်ဦးတည်းသော ရန်သူဆိုလည်း ဟုတ်တယ်။

အမေက ကျွန်မကို အိမ်မြှောင်က မွေးတဲ့ကလေးတဲ့။
သွေးအေးပြီး နှလုံးသား မရှိတဲ့လူပေါ့လေ။

ဒါပေမယ့် အမေသိပ်မှားတယ် ….. မောင်။

မောင်က ကျွန်မရဲ့နှလုံးသားကို နွေးထွေးစေခဲ့သူလေ။

အခုတော့ …… အခုတော့ ……

ကျွန်မ တစ်ခုခုတော့ ဆုံးဖြတ်ရတော့မှာပေါ့ ……

မောင့်ကိုလား ??????
သူ့ကိုလား ?????